သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိုအိုင်စီအဖွဲ့မှ ဆီးရီးယားကို ထုတ်ပယ်


ဆီးရီးယားနိုင်ငံမြောက်ပိုင်း AZAZ မြို့ပေါ်ကို ဆီးရီးယားစစ်လေယာဉ်တစ်စီးက ဗုံးကျဲ တိုက်ခိုက်ခဲ့တဲ့ အတွက် အများအပြားသေဆုံးပြီး လူအမြောက်အမြားလည်း ဒဏ်ရာတွေရရှိသွားခဲ့ပါတယ်။
ဆီးရီးယားနိုင်ငံမြောက်ပိုင်း AZAZ မြို့ပေါ်ကို ဆီးရီးယားစစ်လေယာဉ်တစ်စီးက ဗုံးကျဲ တိုက်ခိုက်ခဲ့တဲ့ အတွက် အများအပြားသေဆုံးပြီး လူအမြောက်အမြားလည်း ဒဏ်ရာတွေရရှိသွားခဲ့ပါတယ်။
ဒီကနေ့ သြဂုတ်လ၁၆ရက်နေ့မှာ အဖွဲ့ဝင် (၅၇)နိုင်ငံပါဝင်တဲ့ အစ္စလာမ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ The Organization of Islamic Cooperation OIC က ဆီးရီးယားနိုင်ငံကို အဖွဲ့ဝင်နိုင်ငံအဖြစ်ကနေ ထုတ်ပယ်ဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။ မနေ့က သြဂုတ်လ၁၅ရက်နေ့က ဆီးရီးယားနိုင်ငံမြောက်ပိုင်း နယ်စပ်ဒေသက အတိုက်အခံတွေ ထိန်းချုပ်ထားတဲ့ AZAZ အပ်ဇပ်မြို့ပေါ်ကို ဆီးရီးယား စစ်လေယာဉ်တစ်စီးက ဗုံးကျဲ တိုက်ခိုက်ခဲ့တဲ့ နောက်တစ်နေ့မှာပဲ အခုလိုအိုင်အိုစီက ဆုံးဖြတ် လိုက်တာဖြစ်ပါတယ်ခင်ဗျာ။

သေဆုံးသူအရေအတွက်များပြားပြီးတော့ လူအမြောက်အများလည်း ဒဏ်ရာတွေ ရရှိသွားခဲ့ပါတယ်။ ဗုံးကျဲတဲ့မြို့ကို ရောက်ရှိသွားတဲ့ ဗွီအိုအေ သတင်းထောက်ကို ဒေသခံ အတိုက်အခံအဖွဲ့ရဲ့ တပ်မှူးတစ်ဦးက ပြောတာမှာတော့ အမ်အိုင်ဂျီအမျိုးအစား ဆီးရီးယားလေတပ် စစ်လေယာဉ်တစ်စီးက ဗုံးတစ်လုံးကျဲချပြီး နောက်ထပ်ဒုတိယအကြိမ် ပျံသန်းလာပြီးတော့ ဒုတိယအကျော့ ဗုံးတစ်လုံး ကျဲချခဲ့တယ် လို့ ဆိုပါတယ်။

လန်ဒန်အခြေစိုက် ဆီးရီးယားလူ့အခွင့်အရေးစောင့်ကြည့်လေ့လာရေးအဖွဲ့ SOHRကတော့ ဒီတိုက်ခိုက်မူ မှာ အနည်းဆုံး လူ၂၀သေဆုံးခဲ့ရတယ်လို့ ဆိုပြီးတော့ ရိုက်တာ သတင်းမှာတော့ တက်ကြွ လူပ်ရှားသူ တစ်ဦးကို ကိုးကားပြီး အနည်းဆုံး လူ၃၀ သေဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။ မြို့တော် ဒမတ်စကပ်မှာ ကုလသမဂ္ဂ စောင့်ကြည့်လေ့လာရေးအဖွဲ့တွေ ရုံးစိုက်ရာ ဟိုတယ်ရဲ့ ကားရပ်နားရာ အပြင်ဘက်မှာ ကြီးမားတဲ့ ဗုံးပေါက်ကွဲမူကြီး ဖြစ်ပွားပြီးပြီးချင်းမှာပဲ မြောက်ပိုင်းက အာဇပ်မြို့ပေါ်ကို အစိုးရက လေကြောင်းကနေ တိုက်ခိုက်ခဲ့တာပါ။ ဒမတ်စကပ်က ဟိုတယ် ကားရပ်နားစခန်း ဗုံးပေါက်ကွဲမှူ မှာတော့ ကုလသမဂ္ဂစောင့်ကြည့် လေ့လာရေး အဖွဲ့ဝင်တွေ ထိခိုက်ခဲ့ခြင်း မရှိပါဘူး ခင်ဗျာ။
XS
SM
MD
LG