သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အယ်လ်ကိုင်းဒါး အားကောင်းနေဆဲလား


လစ်ဗျားရှိ အမေရိကန် ကောင်စစ်ဝန်ရုံး တိုက်ခိုက်ခံရစဉ်။
လစ်ဗျားရှိ အမေရိကန် ကောင်စစ်ဝန်ရုံး တိုက်ခိုက်ခံရစဉ်။
သမ္မတ ရွေးကောက်ပွဲနီးလာတာနဲ့အမျှ ရီပတ်ဘလီကင်နဲ့ ဒီမိုကရက်ပါတီနှစ်ရပ်ဟာ သူ့ဘက် ကိုယ့်ဘက် အားနည်းချက်အဖြစ် ထုတ်ပြောနိုင်သမျှ အချက်အလက်တွေကို အပြိုင် ထုတ်ပြောနေကြ ရာမှာ သမ္မတအိုဘားမား လက်ထက်မှာ အယ်လ် ကိုင်းဒါး အကြမ်းဖက် အဖွဲ့ ခေါင်းဆောင် အိုဆာမာ ဘင်လာဒင်ကို သုတ်သင်နိုင်ခဲ့ပေမဲ့ အယ်လ်ကိုင်းဒါးအဖွဲ့ဟာ ဆက်လက် အားကောင်းနေဆဲ လို့ ပြောလိုက်ပါတယ်။ ဒီလို ပြောဆိုရာမှာလည်း မကြာခင်က လစ်ဗျားမှာရှိတဲ့ အမေရိကန် ကောင်စစ်ဝန်ရုံး ကို တိုက်ခိုက်ခံခဲ့ရတာကို ဥပမာပေး ပြောကြားသွားပါတယ်။ ဒီအကြောင်းတွေကို ဒီတပတ်ရဲ့ အမေရိကန်နိုင်ငံရေးမှာ ဗွီအိုအေ ဌာနမှူး ဦးသန်းလွင်ထွန်းက မခင်ဖြူထွေးနဲ့အတူ တင်ပြပေးထားပါတယ်။
XS
SM
MD
LG