သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အကောင်းဆုံး ရုပ်ရှင်အော်စကာဆု King's Speech ရရှိ

အကောင်းဆုံး မင်းသမီးဆုရ Natalia Portman။ ဖေဖော်ဝါရီ ၂၇၊ ၂၀၁၁။
အကောင်းဆုံး မင်းသမီးဆုရ Natalia Portman။ ဖေဖော်ဝါရီ ၂၇၊ ၂၀၁၁။

ဟောလီးဝုဒ် (Hollywood) က ၈၃ ကြိမ်မြောက် အော်စ်ကာဆုပေးပွဲကြီးမှာ The King’s Speech ဇာတ်ကားက အကောင်းဆုံး ရုပ်ရှင်ဇာတ်ကားဆု ရရှိသွားပါတယ်။ ဒီကားကပဲ အကောင်းဆုံး မင်းသားဆုအတွက် ဗြိတိန်က မင်းသား Colin Firth၊ အကောင်းဆုံး ဒါရိုက်တာဆုအတွက် Tom Hopper တို့က ရသွားကြသလို မှီငြမ်းမဟုတ်တဲ့ အကောင်းဆုံး မူလ ရိုက်ညွှန်းဆုကိုလည်း ရရှိသွားပါတယ်။

စကားထစ်နေတဲ့ ဗြိတိသျှ ဆဌမမြောက် ဂျော့ချ်ဘုရင် မိန့်ခွန်းစကားကို ဖြောင့်ဖြောင့်ဖြူးဖြူး ပြောနိုင်အောင် လေ့ကျင့်ယူတဲ့အကြောင်း ရိုက်ကူးထားတဲ့ ဒီကားဟာ ကဏ္ဍပေါင်း ၁၂ ခုအတွက် စကာတင် အော်စ်ကာဆု ရွေးချယ်ခံခဲ့ရတာဖြစ်ပြီး မနေ့က ဆုပေးပွဲမှာတော့ စုစုပေါင်း ၄ ဆု ရရှိသွားတာ ဖြစ်ပါတယ်။

အကောင်းဆုံး မင်းသမီးဆုကိုတော့ Black Swan ရုပ်ရှင်မှာ ဘဲလေးကခြေသည်အဖြစ် သရုပ်ဆောင်တဲ့ မင်းသမီး Natalie Portman က ရရှိသွားပါတယ်။ အကောင်းဆုံး ဇာတ်ပို့မင်းသားနဲ့ မင်းသမီးဆု ၂ ဆုလုံးကိုတော့ The Fighter ဇာတ်ကားထဲမှာ သရုပ်ဆောင်ကြတဲ့ Christian Bale နဲ့ Mellissa Leo တို့က ရသွားကြပါတယ်။ Facebook လူမှုကွန်ရက်အကြောင်း ရိုက်ထားတဲ့ Social Network ကားကတော့ အကောင်းဆုံး မှီငြမ်း ရိုက်ညွှန်းဆုတခုပဲ ရပါတယ်။

နိုင်ငံခြားဘာသာ စကားပြော အကောင်းဆုံး ရုပ်ရှင်ကိုတော့ ဒိန်းမတ်နိုင်ငံက In A Better World ဆိုတဲ့ ဇာတ်ကားက ရသွားပါတယ်။ ကွန်ပျူတာနဲ့ ဖန်တီးတဲ့ ကာတွန်းကား ကဏ္ဍအတွက် အကောင်းဆုံး ရုပ်ရှင်ကားကိုတော့ Toy Story 3 ရုပ်ရှင်ကားက ရသွားပါတယ်။

This item is part of
XS
SM
MD
LG