အမေရိကန် ရုပ်မြင်သံကြားအစီအစဉ်တင်ဆက်တဲ့ နာမည်ကျော် ဟာသသရုပ်ဆောင် Ellen Degeneres အခမ်းအနားမှူးအဖြစ် တင်ဆက်တဲ့ (၈၆) ကြိမ်မြောက် အကယ်ဒမီဆုချီးမြှင့်ပွဲကို ကာလီဖိုးနီးယားပြည်နယ် Los Angeles မြို့မှာ တနင်္ဂနွေညပိုင်းက ကျင်းပရာမှာ ဟောလိဝုဒ်အကျော်အမော်တွေ တက်ရောက်ခဲ့ကြပါတယ်။
ဒီနှစ်အကယ်ဒမီဆုချီးမြှင့်ပွဲမှာ သမိုင်းရုပ်ရှင်က အကောင်းဆုံးဇာတ်ကားဆုရရှိသွားတာပါ။ ၁၉ရာစုမှာ လွတ်လပ်တဲ့လူမည်း အမေရိကန် တဦးကျေးကျွန်စနစ်ထဲ သွတ်သွင်းခံရပြီးနောက် ပြန်လွတ်မြောက်လာတဲ့အကြောင်း ဖြစ်ရပ်မှန်ကိုရိုက်ကူးထားတဲ့ 12 Years a Slave ရုပ်ရှင်ကားက အကောင်းဆုံးဇာတ်ကား Oscar ဆုရရှိသွားပါတယ်။
သမိုင်းမှာကျေးကျွန်စနစ်နဲ့ တွေ့ကြုံခဲ့ရသူတွေအားလုံး အပြင် မျက်မှောက်ခေတ်မှာလည်း ကျေးကျွန်ပြုခံနေရသူတွေအားလုံးအတွက် ဒီဆုကို ရည်စူးပါတယ်လို့ရုပ်ရှင်ဇာတ်ကားဒါရိုက်တာ Steve McQueen ကပြောသွားခဲ့ပါတယ်။
အကောင်းဆုံးဒါရိုက်တာဆုအတွက် တစ်ကြိုပေးခံရပြီး ဆုမရရှိပေမဲ့လည်း Mr. McQueen ဟာ ရုပ်ရှင်လောကမှာ သမိုင်းတင်သူ တဦးဖြစ်ခဲ့ပါတယ်။ လူမည်းနွယ်ဖွားဒါရိုက်တာတဦးရိုက်ကူးတဲ့ ရုပ်ရှင်ကား အကောင်းဆုံးဇာတ်ကားဆုရရှိတာ ဒါပထမဆုံးအကြိမ် ဖြစ်ပါတယ်။
အော်စကာဆုရှင်များ။http://www.voanews.com/media/photogallery/photo-gallery-academy-award-winners-2014/1862696.html
အော်စကာဆုပေးပွဲမတိုင်မီမြင်ကွင်း။
http://www.voanews.com/media/photogallery/oscars-red-carpet-/1862668.html