သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူသတ်မှုစွဲခံရသူ အပြေးသမားကို အာမခံနဲ့လွှတ်


လူသတ်မှုဖြင့် စွပ်စွဲခံရသူ အိုလံပစ် ခြေတုတပ် အပြေးသမား Oscar Pistorius
လူသတ်မှုဖြင့် စွပ်စွဲခံရသူ အိုလံပစ် ခြေတုတပ် အပြေးသမား Oscar Pistorius
တောင်အာဖရိကနိုင်ငံက နံမည်ကျော် အိုလံပစ် အပြေးသမား Oscar Pistorius ကို တရားရုံးက အာမခံ ပေးလိုက်ပြီဖြစ်ပါတယ်။ ဒါပေမယ့် သူ့ရည်စားကို သတ်ဖြတ်ခဲ့မှုနဲ့ သူ့အပေါ် စွဲချက်တင်ထားတဲ့ လူသတ်မှုကိုတော့ ဆက်လက် ရင်ဆိုင်ရဦးမှာ ဖြစ်ပါတယ်။

ဒီလူသတ်မှုကို ရဲတပ်ဖွဲ့က စုံစမ်း စစ်ဆေးခဲ့တဲ့အပေါ် အပြင်းအထန်ဝေဖန် ပြောဆိုတာအပါအဝင် အာမခံနဲ့ ပတ်သက်တဲ့ စီရင်ချက်ကို ၂ နာရီလောက် ဖတ်ကြားအပြီး Pistorius အနေနဲ့ သူ့အမှုကို ရင်ဆိုင်တဲ့ အချိန်မရောက်ခင်အထိ အာမခံနဲ့ လွှတ်ပေးလိုက်တဲ့အကြောင်း ရာဇဝတ် တရားသူကြီး Desmond Nair က သောကြာနေ့မှာ ပြောပါတယ်။ အာမခံကြေးကိုတော့ အမေရိကန်ဒေါ်လာ တစ်သိန်းကျော်နဲ့ ညီမျှတဲ့ တောင်အာဖရိကသုံး Rand ငွေ နှစ်သိန်းခွဲ သတ်မှတ်လိုက်ပါတယ်။

ခြေတုတပ် အပြေးသမား Pristorius ဟာ သူ့ရဲ့ ရည်းစား Reeva Steemcamp သေနတ်နဲ့ အပစ်ခံ သေဆုံးခဲ့ရချိန်ကစပြီး Pritoria မြို့က ရဲအချုပ်မှာ ၈ ရက်နေခဲ့ရတာ ဖြစ်ပါတယ်။

အသက် ၂၉ နှစ်အရွယ် ဥပဒေဘွဲ့ရ မော်ဒယ် Reeva Steenkamp ကို February ၁၄ ရက်နေ့က သူ့နေအိမ်မှာ သေနတ်နဲ့ပစ်သတ်ဖို့ Pistorius က ကြိုတင် စီစဉ်ခဲ့တာဖြစ်တယ်လို့ တရားလိုရှေ့နေ အဖွဲ့ခေါင်းဆောင် Gerrie Nel က ရုံးတော်ကို တင်ပြခဲ့ပါတယ်။ Pistorius ကတော့ အဲဒီလို စွပ်စွဲ ပြောဆိုမှုကို ပယ်ချလိုက်ပြီး ဉာဉ့်နက်သန်းခေါင်မှာ သူ့အိမ်ထဲကို ဖောက်ထွင်းဝင်လာတဲ့ သူခိုးလို့ အထင်မှားခဲ့တဲ့အတွက် Reeva Steenkamp ကို ပစ်ခတ်မိခဲ့တာဖြစ်တယ်လို့ ပြန်လည် ချေပခဲ့ပါတယ်။
XS
SM
MD
LG