သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Oscar ဆုရ ဟာသသရုပ်ဆောင် Robin Williams (၆၃) နှစ် ကွယ်လွန်


ဟာသ သရုပ်ဆောင် Robin Williams (မတ် ၂၃၊ ၁၉၉၈)
ဟာသ သရုပ်ဆောင် Robin Williams (မတ် ၂၃၊ ၁၉၉၈)

အော်စကာဆုရှင် အမေရိကန် ဟောလိဝုဒ် ဟာသသရုပ်ဆောင် Robin Williams ဟာ မြောက်ပိုင်း ကယ်လီဖိုးနီးယားမှာရှိတဲ့ သူ့နေအိမ်မှာ ကွယ်လွန်သွားပါတယ်။ ကွယ်လွန်ချိန် အသက် ၆၃ နှစ် အရွယ်ရှိတဲ့ Robin Williams ရဲ့ရုပ်အလောင်းကို တနင်္လာနေ့က နေအိမ်မှာ တွေ့ခဲ့ကြရပြီး သူဟာ ကိုယ့်ကိုကိုယ် သတ်သေခဲ့ပုံရတယ်လို့ ယူဆကြပါတယ်။

အရေးပေါ်အကူအညီတောင်းလို့ ရဲက နေအိမ်ကို ရောက်သွားတဲ့အချိန်မှာ အသက်မရှူတော့ဘဲ သတိမေ့မြောလျက် တွေ့ရတယ်လို့ ဒေသခံ ရဲအရာရှိက ပြောပါတယ်။ သူဟာ အသက်ရှူကျပ်ပြီးသေဆုံးခဲ့ပုံရတယ်လို့ တာဝန်ရှိအရာရှိတွေက ပြောပါတယ်။ ဒါပေမယ့်လည်း ဘာကြောင့် သေဆုံးလဲဆိုတာ အတိအကျကိုတော့ စုံစမ်းစစ်ဆေးနေတုန်းပဲလို့ ဆိုပါတယ်။

Williams ဟာ မကွယ်လွန်ခင် နောက်ဆုံးအချိန်မှာ စိတ်ဓာတ်ကျတဲ့ ဝေဒနာကို ခံစားနေခဲ့ရတယ်လို့ Williams ရဲ့ ပြန်ကြားရေး လုပ်ဆောင်သူက တနင်္လာနေ့မှာပဲ ကြေညာချက်ထုတ်ခဲ့ပါတယ်။ သူဟာ အစောပိုင်းကာတွေမှာ နှစ်အတော်ကြာအောင် အရက်နဲ့ အခြား မူးယစ်ဆေးဝါးသုံးစွဲမှု ပြဿနာတွေ ရှိခဲ့ပါတယ်။

Robin Williams ဟာ ကနဦးပိုင်းမှာ ABC ရုပ်သံဌာနမှာ ဟာသသရုပ်ဆောင်တဦးဖြစ်ခဲ့ပြီး နောက်ပိုင်းမှာ ရုပ်ရှင်နယ်ပယ်ကို ရောက်လာပါတယ်။

Good Will Hunting, Mrs.Doubtfire, Good Morning Vietnam နဲ့ Dead Poets Society စတဲ့ ရုပ်ရှင်တွေမှာ နာမည်ရ သရုပ်ဆောင်ဖြစ်ခဲ့ပါတယ်။

XS
SM
MD
LG