သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မင်းသား Will Smith ထိပ်သတင်းဖြစ်ခဲ့တဲ့ အော်စကာဆုပေးပွဲ


အကောင်းဆုံးသရုပ်ဆောင်ဆုရခဲ့သူ Will Smith က ကျန်းမာရေးမကောင်းတဲ့ဇနီးသည်ကို နောက်ပြောင်ခဲ့တဲ့ အစီအစဉ်မှူးကို စင်ပေါ်တက်ပါးရိုက်စဉ်။ (မတ် ၂၇၊ ၂၀၂၂)  
အကောင်းဆုံးသရုပ်ဆောင်ဆုရခဲ့သူ Will Smith က ကျန်းမာရေးမကောင်းတဲ့ဇနီးသည်ကို နောက်ပြောင်ခဲ့တဲ့ အစီအစဉ်မှူးကို စင်ပေါ်တက်ပါးရိုက်စဉ်။ (မတ် ၂၇၊ ၂၀၂၂)  

[[Zawgyi/Unicode]]

မနေ့ညက ကျင်းပခဲ့တဲ့ ၉၄ ကြိမ်မြောက် အော်စကာဆုပေးပွဲမှာတော့ ဆွံ့အ နားမကြားမိသားစုအကြောင်း ဇာတ်အိမ်ဖွဲ့ရိုက်ကူးထားတဲ့ CODA ရုပ်ရှင်ဇာတ်ကားက အကောင်းဆုံး ဇာတ်ကားဆုဆွတ်ခူးခဲ့ပါတယ်။ အွန်လိုင်းကတဆင့် ချိတ်ဆက် ပြသတဲ့ ဆုရပထမဆုံးရုပ်ရှင်အနေနဲ့ အကောင်းဆုံးဇာတ်ကားဆုကို ပထမဆုံး ရရှိတာပါ။

မနေ့ည အော်စကာပွဲမှာ ခုခံအားချွတ်ယွင်းမှုကြောင့် ဆံပင်ကျွတ်ဝေဒနာခံစားနေရတဲ့ ဇနီးသည် Jada Pinkett ရဲ့ဆံပင်ပုံစံကို အရွှန်းဖောက်စနောက်ခဲ့တဲ့ အစီအစဉ်တင် ဆက်သူ Chris Rock ကို စိတ်ဆိုးဒေါသထွက်သွားတဲ့ မင်းသား Will Smith က စင်ပေါ်တက် ပါးရိုက်ခဲ့တဲ့ဖြစ်စဉ်လည်ပေါ်ပေါက်ခဲ့ပါတယ်။ အခုလို နောက်ပြောင်လိုက် တာ က မင်းသမီးတယောက်ရဲ့ ရုပ်ဆင်းအင်္ဂါချွတ်ယွင်းမှု အားနည်းချက်ကို အကြောင်းရှာစနောက်တာဖြစ်တယ်ဆိုပြီး Will Smith က မခံမရပ်ဖြစ်ခဲ့တာပါ။

အကောင်းဆုံး အမျိုးသားသရုပ်ဆောင်ဆုကို King Richard ရုပ်ရှင်ဇာတ်ကားနဲ့ Will Smith ကပဲ ဆွတ်ခူးခဲ့ပါတယ်။ သူက ဒီရုပ်ရှင်မှာ တင်းနစ်မယ် ဗီးနပ်စ်နဲ့ ဆီရီနာဝီလျံတို့ရဲ့ ဖခင်အဖြစ်သရုပ်ဆောင်ထားပြီး အော်စကာဆုကို ပထမဆုံးအကြိမ် ဆွတ်ခူးရရှိတာလည်းဖြစ်ပါတယ်။

အကောင်းဆုံး အမျိုးသမီးသရုပ်ဆောင်ဆုကိုတော့ "The Eyes of Tammy Faye" ဇာတ်ကားနဲ့ Jessica Chastain က ဆွတ်ခူးခဲ့ပါတယ်။ အကောင်းဆုံး နိုင်ငံတကာ ရုပ်ရှင်ဇာတ်ကားဆုကိုတော့ ဂျပန် ရုပ်ရှင်ဇာတ်ကား "Drive My Car” က ရွေးချယ်ခံခဲ့ရပါတယ်။

တိုက်ရိုက် လင့်ခ်

================

[[Unicode]]






================

XS
SM
MD
LG