သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Oscar ထူးချွန်ဆုစာရင်းဝင် ရုပ်ရှင်ဇာတ်ကားများ

Oscar ထူးချွန်ဆုစာရင်းဝင် ရုပ်ရှင်ဇာတ်ကားများ
Oscar ထူးချွန်ဆုစာရင်းဝင် ရုပ်ရှင်ဇာတ်ကားများ

မာတင် စကော့ဆေးဆီး (Martin Scorsese) ရိုက်ကူးတဲ့ Hugo လို့ခေါ်တဲ့ 3D သုံးဘက်မြင် ကာတွန်း ရုပ်ရှင်ကားဟာ အကောင်းဆုံး ဇာတ်ကားဆုအပါအဝင် ဒီနှစ်အတွက် အော်စကာ ၁၁ ဆု လျာထားခံရပါတယ်။

ဒါဟာ အော်စကာ လျာထားခံရမှု အများဆုံး စာရင်းမှာရှိတဲ့ The Artist အသံတိတ် ရုပ်ရှင်ကား ထက်ကို ကျော်သွားတာဖြစ်ပါတယ်။ အော်စကာလျာထားခံရတဲ့ စာရင်းတွေကို ကယ်လီဖိုး နီးယားပြည်နယ် Beverly Hills မှာ Academy of Motion Picture Arts and Sciences က မနေ့က ကြေညာခဲ့တာဖြစ်ပါတယ်။

ပြင်သစ်ဒါရိုက်တာ ရိုက်ကူးတဲ့ ဟောလိဝုဒ် အသံတိတ် ရုပ်ရှင်ကား The Artist ကတော့ အကောင်းဆုံး ဇာတ်ကားဆု အပါအဝင် အော်စကာ ၁၀ ဆု လျာထားခံရပါတယ်။ The Artist ဇာတ်ကားဟာ ဒီလ Golden Globes ပွဲမှာ အကောင်းဆုံး ဟာသဇာတ်ကားဆု ရခဲ့ပြီးတဲ့နောက် အကောင်းဆုံး ဇာတ်ကားတစ်ကားအနေနဲ့ လူကြိုက်အများဆုံး ဇာတ်ကားတွေထဲမှာ ပါဝင်လာ ခဲ့တာပါ။

အကောင်းဆုံး ဇာတ်ကားဆုအတွက် လျာထားခံရတဲ့ကားတွေထဲမှာ Baseball ကစားတဲ့ အကြောင်းကို ရိုက်ထားတဲ့ Moneyball ရုပ်ရှင်ကားနဲ့ ဒါရိုက်တာ Steven Spielberg ရဲ့ ပထမကမ္ဘာစစ်တွင်းက မြင်းတွေအကြောင်းကို ရိုက်ထားတဲ့ War Horse ဇာတ်ကားတွေပဲ ဖြစ်ပါတယ်။

Moneyball နဲ့ War Horse ကားတွေဟာ အကောင်းဆုံး ဇာတ်လမ်းဆုအပါအဝင် အော်စကာ ၆ ခုစီ လျာထားခံရတဲ့ ဇာတ်ကားတွေပဲဖြစ်ပါတယ်။

This item is part of
XS
SM
MD
LG