သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

(၈၇) ကြိမ်မြောက် အော်စကာ ဆုချီးမြှင့်ပွဲ


တနင်္ဂနွေနေ့က ဟောလိဝုဒ်မှာ ကျင်းပခဲ့တဲ့ (၈၇) ကြိမ်မြောက် အော်စကာ-ရုပ်ရှင်ထူးချွန်ဆုပေးပွဲမှာ Birdman က အကောင်းဆုံး ဇာတ်ကားဆု ဆွတ်ခူးသွားပြီး Birdman ရဲ့ဇာတ်ကားဒါရိုက်တာ Alejandro Gonzalez Inarritu ကလည်း အကောင်းဆုံးဒါရိုက်တာဆုကို ဆွတ်ခူးသွားပါတယ်။ သူ့ရဲ့ မက္ကဆီကိုပရိသတ်အတွက် ကြိုးစားရကျိုးနပ်တယ်လို့ ဆုပေးပွဲမှာ သူကပြောပါတယ်။

အမေရိကန်ထဲကို ရွှေ့ပြောင်းဝင်လာကြတဲ့ မက္ကဆီကိုနိုင်ငံသားတွေဟာ လူ့ဂုဏ်သိက္ခာနဲ့အညီ ဆက်ဆံခံကြရလိမ့်မယ်လို့ မျှော်လင့်ကြောင်း ဒါရိုက်တာ Alejandro Inarrituကပြောပါတယ်။

အကောင်းဆုံးဇာတ်ဆောင် မင်းသားဆုကို The Theory of Everything ကားထဲက ဗြိတိသျှမင်းသား Eddie Redmayne က ရရှိသွား သလို အကောင်းဆုံးဇာတ်ဆောင် မင်းသမီးဆုကိုတော့ Still Alice ဇာတ်ကားထဲက သရုပ်ဆောင်မင်းသမီးJulianne Moore က ရရှိသွားပါ တယ်။ အကောင်းဆုံးဇာတ်ပို့အမျိုးသားဆုအဖြစ် Whiplash ဇာတ်ကားထဲက J.K. Simmons နဲ့ အကောင်းဆုံး ဇာတ်ပို့အမျိုးသမီးဆုအဖြစ် Boyhood ဇာတ်ကားမှာသရုပ်ဆောင်အမျိုးသမီး Patricia Arquette က ရရှိသွားပါတယ်။

XS
SM
MD
LG