သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သတင်းထောက်တွေကို အကြမ်းဖက် သတ်ဖြတ်တာ ရပ်ဖို့ ဥရောပအဖွဲ့ တောင်းဆို


OSCE အဖွဲ့ရဲ့ သတင်းမီဒီယာ လွတ်လပ်ခွင့်ဆိုင်ရာ ကိုယ်စားလှယ် Dunja Mijatovic ။
OSCE အဖွဲ့ရဲ့ သတင်းမီဒီယာ လွတ်လပ်ခွင့်ဆိုင်ရာ ကိုယ်စားလှယ် Dunja Mijatovic ။

သတင်းထောက်တွေကို အကြမ်းဖက် တိုက်ခိုက်နေတာတွေ ချက်ခြင်း ရပ်တန့်ပေးဖို့ OSCE ဥရောပတိုက် လုံခြုံရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့က တောင်းဆို လိုက်ပါတယ်။ ယူကရိန်းနိုင်ငံ အရှေ့ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ ပဋိပက္ခကို သတင်းယူဖို့ ရောက်နေကြတဲ့ သတင်းထောက်တွေကို ပြန်ပေးဆွဲမှုတွေ အများအပြား ဖြစ်ပေါ်နေတဲ့အချိန်မှာပဲ OSCE အဖွဲ့က အခုလို တောင်းဆို လိုက်တာ ဖြစ်ပါတယ်။

သတင်းထောက်တွေကို တိုက်ခိုက်နေတာတွေ ရပ်တန့်ဖို့ OSCE အဖွဲ့ရဲ့ သတင်းမီဒီယာ လွတ်လပ်ခွင့်ဆိုင်ရာ ကိုယ်စားလှယ် Dunja Mijatovic က Vienna မြို့မှာ သောကြာနေ့က ပြောကြားလိုက်တာ ဖြစ်ပါတယ်။ သတင်းထောက်တွေ ကို ပြန်ပေးဆွဲတာဟာ ကြောက်မက်ဖွယ်ကောင်းပြီး သတင်းမီဒီယာ လွတ်လပ်ခွင့်ကို ကြီးမားစွာ ခြိမ်းချောက်နေတဲ့ လုပ်ရပ်ဖြစ်တယ်လို့ သူမက ပြောပါတယ်။

ESpreso TV သတင်းထောက် Yegor Vorobyov ဟာ Donetsk ဒေသအတွင်းက Ilovaisk မှာ သြဂုတ်လကုန်ပိုင်းတုန်းက ပြန်ပေးဆွဲခံခဲ့ရပါတယ်။ သူဟာ ခွဲထွက်ရေး သမားတွေရှိတဲ့ ဒေသအနီးကနေ သတင်းပို့နေသူဖြစ်ပြီး ခုချိန်ထိ ပျောက်ဆုံးနေ ဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။ အလွတ်သတင်းထောက် Roman Cheremsky ဟာလည်း ခွဲထွက်ရေးသမားတွေရဲ့ ပြန်ပေးဆွဲခြင်း ခံခဲ့ရပြီး ခုချိန်ထိ သူဘယ်ရောက်နေတယ်ဆိုတာကို မသိနိုင်သေးပဲ ဖြစ်နေပါတယ်။

ဖမ်းဆီးခံထားရတဲ့ သတင်းထောက်တွေ အားလုံး ပြန်မလွတ်မချင်း သူမဌာနအနေနဲ့ ဒီကိစ္စကို အစဉ်တစိုက် ထုတ်ဖော် ပြောဆိုသွားမယ်လို့ Mijatovic က ပြောပါတယ်။ ယူကရိန်းနိုင်ငံ အရှေ့ပိုင်းမှာ ဖြစ်နေတဲ့ ပဋိပက္ခကာလအတွင်း အနည်းဆုံး သတင်းထောက် ၆ ယောက် သေဆုံးခဲ့ပြီး ဖြစ်ပါတယ်။

XS
SM
MD
LG