သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီဂျစ်သမ္မတဟောင်း မော်စီ အပေါ် နောက်ထပ် စွဲချက်သစ်တင်


သမ္မတမော်စီ ထောက်ခံသူများ
သမ္မတမော်စီ ထောက်ခံသူများ
အကြမ်းဖက်မှုတွေကို ကျူးလွန်ခဲ့တယ်ဆိုတဲ့ စွဲချက်နဲ့ တရားစွဲခံထားရပြီး ၊ ရာထူးကဖြုတ်ချခံလိုက်ရတဲ့ အီဂျစ်သမ္မတဟောင်း မိုဟာမက် မော်စီဟာ တရားစီရင်ရေးကို စော်ကားတယ် မထေ့မဲမြင်ပြုတယ်ဆိုတဲ့ စွဲချက်နဲ့ ထပ်ပြီးတော့ တရားရင်ဆိုင်ရမှာဖြစ်ပါတယ်။ အီဂျစ်စစ်တပ်က သူ့ကို ရာထူးကနေ မဖြုတ်ချခင်လေးမှာပဲ မစ္စတာ မော်စီက တရားသူကြီးတွေဟာ ရွေးကောက်ပွဲမှာ မသမာမှုတွေရှိခဲ့တယ်ဆိုပြီးတော့ သူ့ရဲ့ မိန့်ခွန်းထဲမှာ စွပ်စွဲသွားခဲ့ကြောင်း၊ အီဂျစ်အစိုးရပိုင် သတင်းအေဂျင်စီက တနင်္ဂနွေနေ့မှာ ပြောပါတယ်။

သမ္မတဟောင်း မော်စီဟာ ဆန္ဒပြသူတွေကိုသေစေတဲ့အထိဖြစ်ခဲ့တဲ့ အကြမ်းဖက်မှုတွေကို ကျူးလွန်ခဲ့တယ်ဆိုပြီးတော့ တရားစွဲခံနေရတာဖြစ်ပါတယ်။ ဒါ့အပြင် မစ္စတာ မော်စီဟာ သူလျှိုလုပ်မှု ၊ ထောင်ဖောက်ဖို့အတွက် ကြံစည်မှုတွေနဲ့လည်း တရားစွဲခံထားရတာဖြစ်ပါတယ်။
မစ္စတာ မော်စီရဲ့ မွတ်စလင် ညီအစ်ကိုတော်များ အဖွဲ့က ခေါင်းဆောင်တွေဟာဆိုရင်လည်း အလားတူ ပြစ်မှုတွေနဲ့ တရားစွဲခံနေရတာဖြစ်ပါတယ်။

အတိုက်အခံတွေက မစ္စတာမော်စီဟာ အာဏာတွေအများကြီးကို ဆုပ်ကိုင်ထားတယ်လို့ စွပ်စွဲခဲ့ပြီးတဲ့နောက် အီဂျစ်စစ်တပ်က မစ္စတာမော်စီကို ပြီးခဲ့တဲ့ ဇူလိုင်လမှာ ဖြုတ်ချခဲ့တာဖြစ်ပါတယ်။
XS
SM
MD
LG