အမေရိကန်သမ္မတ ဘရာ့ခ် အိုဘားမား မြန်မာနိုင်ငံဆီ ရောက်လာတဲ့နေ့မှာပဲ မြန်မာအစိုးရက လွတ်ငြိမ်းချမ်းသာခွင့်အမိန့် ထုတ်ပြန်ပြီး အကျဉ်းသားတွေကို လွှတ်ပေးခဲ့တာမှာ နိုင်ငံရေး အကျဉ်းသား အတော်များများလည်း ပါလာပါတယ်။ အကျဉ်းသား ၆၀ ကိုလွှတ်ပေးလိုက်တဲ့ထဲ မှာ နိုင်ငံရေးအကျဉ်းသား ၄၀ ကျော်ပါတယ်လို့ နိုင်ငံရေးအကျဉ်းသားအရေး စောင့်ကြည့် သူတွေက ပြောပါတယ်။ အပြည့်အစုံကို ဗွီအိုအေရဲ့ ထိုင်းအခြေစိုက်သတင်းထောက် မအေးမာက သတင်းပေးပို့ထားပါတယ်။
ရန်ကုန်အပါအဝင် နယ်မြို့အသီးသီးက အကျဉ်းထောင်တွေကနေ ပြန်လွတ်လာတဲ့အထဲမှာ နိုင်ငံရေး အကျဉ်းသား အတော်များများ ပါဝင်ခဲ့ပါတယ်။
သာယာဝတီအကျဉ်းထောင်ကနေ ပြန်လည်လွတ်မြောက်လာတဲ့အထဲက စစ်သတင်းပေါက်ကြားမှု နဲ့ ထောင် ၁၄ နှစ် ချမှတ်ခံခဲ့ရတဲ့ ကိုကျော်သူကတော့ သာယာဝတီထောင် က ပြန်လွတ်လာသူတွေ ထဲမှာ ၁၂ ဦးဟာ နိုင်ငံရေး အကျဉ်းသားတွေဖြစ်တယ်လို့ ပြောပါတယ်။
“အမေရိကန်သမ္မတကြီး အိုဘားမား လာတာနဲ့လည်း တိုက်ဆိုင်နေတယ်၊ နောက် ဒီမှာ ရှိတဲ့ နိုင်ငံရေး အင်အားစုတွေကလည်း လွတ်မြောက်ရေးအတွက် အားကြိုးမာန်တက် လုပ်နေကြတာလည်း ရှိတယ်လေ။ ဒီအကြောင်းကြောင်းတွေကြောင့် လွတ်လာတယ်လို့ ကျနော်တော့ ထင်ပါတယ်။ ကျနော်တို့ သာယာဝတီထောင်ကတော့ နိုင်ငံရေးပုဒ်မနဲ့ ပတ်သက်တဲ့လူတွေ အကုန်လုံး ၁၂ ယောက်လွတ်တာပါ။
“သူတို့ပြောတာက လွတ်ငြိမ်းသက်သာလို့ ပြောပါတယ်။ ကျနော်တို့ကို ၄၀၁ ကို လက်မှတ်ထိုး ခိုင်းတယ်။ ကျနော်တို့ မထိုးပါဘူး။ ဒီဥစ္စာကို မထိုးနိုင်ဘူး၊ ကျနော်တို့ကို ပြန်ဖမ်းရင်လည်း ဖမ်းပါ ဆိုတော့မှ သူတို့က မထိုးခိုင်းတော့ဘဲနဲ့ လွှတ်ပေးလိုက်တာပါ။ ကျနော်အင်းစိန်ထောင်မှာ ၂ နှစ် နေခဲ့ရတယ်၊ သာယာဝတီထောင်မှာ ၁၂ နှစ် နေရတယ်။ ၉၀ တုန်းကတော့ NLD မှာ ကျနော် ရပ်ကွက် စည်းရုံးရေးပေါ့။”
မြန်မာအစိုးရရဲ့ လွတ်ငြိမ်းသက်သာခွင့်နဲ့ ပြန်လွတ်လာတဲ့ အကျဉ်းသား ၆၀ ကျော် အားလုံး ဟာ နိုင်ငံရေးအကျဉ်းသားတွေ မဟုတ်ဘူးလို့ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့က ကိုကြည်လွင်က ဆိုပါတယ်။
“၆၆ ယောက်လုံးက နိုင်ငံရေးအကျဉ်းသား မဟုတ်ဘူးပေါ့။ ၅ နဲ့နွယ်တဲ့ပုဒ်မ ၅ (ဇ) တွေ ဘာတွေလည်း ပါလာတယ်လို့ သိရတယ်။ အားလုံး နိုင်ငံရေးလုပ်လို့ ကျတာမဟုတ်ဘဲနဲ့ စီးပွား ရေး ၅ (ည) တွေလည်း ရှိတယ်။”
ပြန်လည် လွတ်မြောက်လာတာဟာ နိုင်ငံရေးအင်အားစုတွေရဲ့ တွန်းအားပေးမှုတွေနဲ့ အမေရိကန်သမ္မတ အိုဘားမားရဲ့ ခရီးစဉ်နဲ့ ဆက်စပ်တယ်လို့ ဆိုနိုင်ကြောင်း သာယာဝတီ အကျဉ်းထောင်ကနေ ဒီကနေ့မှာပဲ ပြန်လည်လွတ်မြောက်လာသူ ကိုကျော်သူက ဆိုပါတယ်။
“သမ္မတကြီးအိုဘားမား လာတဲ့အတွက်လည်း ဒီဖိအားတခုလည်းပါမယ်လို့ ကျနော်တို့ မြင်ပါ တယ်။ အခုဟာက အကုန်လုံးမလွတ်ဘဲ ချန်ထားတဲ့အတွက် ပြယုဂ်အနေနဲ့ လွှတ်သလားလို့ လည်း ကျနော်တို့ အဲလိုလည်း မြင်ပါတယ်။ မနေ့ညက သတင်းကြေညာတဲ့ထဲမှာတော့ သူတို့ သတင်းပြန်ကြားရေးအဖွဲ့ကတော့ ဒီဇင်ဘာလထဲမှာ သူတို့ အကုန်လုံး စိစစ်ပြီးတော့ လွှတ်ပေး ပါ့မယ်လို့ ပြောတာတော့ ကြေညာသွားတယ်။ ဘယ်လိုပုံစံနဲ့ လာမလဲ ဆိုတာတော့ ကျနော် တို့ မသိသေးဘူး။”
ထိုင်း-မြန်မာ နယ်စပ်အခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းက အတွင်းရေးမှူး ကိုတိတ်နိုင်ကတော့ ပြန်လည် လွတ်မြောက်လာသူတွေအတွက် ကြိုဆိုကြောင်း နဲ့ နောက်ထပ်လည်း အစိုးရက နိုင်ငံရေးအကျဉ်းသား ၈၈ ယောက်ကို စိစစ်ဆဲဖြစ်ကြောင်း အခြေအနေတွေကို သိရတယ်လို့ ပြောပါတယ်။
“ဒီကနေ့ လွှတ်လိုက်တဲ့ထဲမှာ ၆၆ ဦးပါတယ်လို့ ပြောပါတယ်။ ကျနော်တို့ရထားတဲ့ စာရင်းအရ ဆိုလို့ရှိရင်တော့ ၆၅ ယောက်ပဲ လွတ်တာပါ။ -ဆိုတော့ မန္တလေးထောင်မှာရှိတဲ့ စိုင်းလှအောင် ဆိုလို့ရှိရင် မန္တလေးထောင်မှာ စိုင်းလှအောင် နှစ်ယောက် ရှိပါတယ်။ သူတို့က နှစ်ယောက်လုံး ကို စာရင်းထဲမှာ ထည့်ထားပေမဲ့ နောက် စိုင်းလှအောင်တစ်ယောက်က နောက်တစ်မှု ကျန်တဲ့ အတွက် ထောင်ထဲကို ပြန်ထည့်ထားတယ်လို့ ကျနော်တို့ ကြားရပါတယ်။ ဆိုတော့ တကယ် လွတ်လာတာက ၆၅ ယောက် ဖြစ်ပါတယ်။ အဲဒီ ၆၅ ယောက် ထဲမှာမှ ကျနော်တို့ စာရင်းထဲမှာ မပါသေးတဲ့ လူတွေလည်း ရှိနေတယ်။ တချို့ကတော့ မသေချာလို့ ကျနော်တို့ မသေချာလို့ စာရင်းထဲမှာ မထည့်ထားတဲ့သူတွေလည်း လွတ်လာတာကို တွေ့ရပါတယ်။ အားလုံး နိုင်ငံရေး အကျဉ်းသားချည့်ပဲလို့ ပြောလို့တော့ နည်းနည်းတော့ ခက်ပါတယ်။ ဘာပဲပြောပြော သူတို့ လွတ်မြောက်လာတာကိုတော့ ကျနော်တို့ အသိအမှတ်ပြုရမှာပါ။ ၈၈ ယောက်ကိုလည်း စိစစ်နေတယ်လို့ ကြားပါတယ်။”
အေအေပီပီရဲ့စာရင်းအရ ဒီကနေ့ ပြန်လွတ်လာပြီးတာတောင်မှ နိုင်ငံရေး အကျဉ်းသား ၂၀၀ ကျော် ကျန်နေသေးတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ၂၀၁၂ ခုနှစ်၊ သြဂတ်စ်လ အထိ နိုင်ငံရေးမှုနဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူတွေ၊ အမှုရင်ဆိုင်နေရသူတွေ၊ တရားစွဲဆိုခံရသူတွေ ၁၅၀ ကျော် ရှိနေကြောင်း အေအေပီပီက ထုတ်ပြန်ထားသလို ကချင်ပြည်နယ်ဘက်မှာလည်း ထိန်းသိမ်းခံရသူ ၅၀ ကျော်လောက် ရှိနေသေးတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ရခိုင်ပြည်နယ်ဘက်က နိုင်ငံရေးမှုနဲ့ ပတ်သက်ပြီး ထိန်းသိမ်းခံရသူတွေ ရှိပေမဲ့ စိစစ်ဆဲဖြစ်ကြောင်းကိုလည်း ပြောသွားပါတယ်ရှင်။