သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Kobani မြို့တိုက်ပွဲ ၈၀၀ ကျော်သေဆုံးပြီ


ကာ့ဒ် စစ်ဘေးဒုက္ခသည်တွေ ကိုဘန်နီမြို့တွင်းမှာ IS နဲ့ကာ့ဒ်တပ်ဖွဲ့ဝင်တွေကြား တိုက်ပွဲကို မြို့ပြင်တောင်ကုန်းပေါ်က စောင့်ကြည့်နေစဉ်။ (အောက်တိုဘာ ၂၆၊ ၂၀၁၄)

တူရကီနိုင်ငံအနီး ဆီးရီးယားနယ်စပ်ဖြစ်တဲ့ Kobani မြို့ကို ထိန်းချုပ်နိုင်ဖို့အတွက် IS အစ္စလာမ်မစ် စစ်သွေးကြွတွေနဲ့ ကာ့ဒ်လူမျိုးစု တိုက်ခိုက်ရေး သမားတွေကြား သီတင်း ၆ ပတ်ကြာ မြေပြင်တိုက်ခိုက်မှုတွေအတွင်း လူပေါင်း ၈၀၀ ကျော် သေဆုံးခဲ့တယ်လို့ ဆီးရီးယားတက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။

သေဆုံးသူတွေထဲမှာ ဂျီဟာ့ဒ် အစွန်းရောက် စစ်သွေးကြွတွေ (၅၀၀) နီးပါးနဲ့ ခါ့ဒ် တိုက်ခိုက်ရေးသမား (၃၀၀) ကျော် ပါရှိတယ်လို့ ဗြိတိန်နိုင်ငံမှာ အခြေစိုက်တဲ့ ဆီးရီးယားလူ့အခွင့်အရေးအဖွဲ့က ပြောပါတယ်။ နောက်ထက် ၅၅၀ ဒါမှမဟုတ် အဲဒီထက်ကျော်တဲ့ အရေအတွက်ကတော့ ပြီးခဲ့တဲ့လ အမေရိကန်ဦးဆောင်တဲ့ လေကြောင်းတိုက်ခိုက်မှုတွေအတွင်း သေဆုံးခဲ့ကြရတာပါ။ အများစုဟာ အစ္စလာမ်မစ် စစ်သွေးကြွတွေဖြစ်ကြတယ်လို့ ဆိုပါတယ်။

မြေပြင်တိုက်ခိုက်မှုတွေအတွင်း အရပ်သား ၂၁ ဦးသေဆုံးပြီ၊ Kobani မြို့နေလူထုအများစုဟာ တူရကီနိုင်ငံမှာ ဖွင့်လှစ်ထားတဲ့ ဒုက္ခသည်စခန်းတွေဆီကို ထွက်ပြေးခဲ့ကြတယ်လို့ လူ့အခွင့်အရေးအဖွဲ့က ပြောပါတယ်။ ဆီးရီးယားနိုင်ငံကနေ တူရကီကို ထွက်ပြေးကြတဲ့ ဒုက္ခသည်အရေတွက်ဟာ ၂ သိန်းကျော် ရှိတယ်လို့ ဆိုပါတယ်။

အမေရိကန်တိုက်လေယာဉ်တွေဟာ IS စစ်သွေးကြွတွေရဲ့ ပစ်မှတ်တွေကို ၅ ကြိမ်ထပ်မံတိုက်ခိုက်ခဲ့ပြီး တနင်္ဂနွေနေ့က Kobani မြို့ရဲ့ အပေါ်ထက် ကောင်းကင်ယံမှာ မီးခိုးလုံးကြီးတွေ တက်နေတာကို တွေ့နေရပါတယ်။

ဂျီဟာဒ်အစွန်းရောက် စစ်သွေးကြွတွေဟာ စတုတ္ထနေ့အဖြစ် တူရကီကနေ ဆီးရီးယားကိုဝင်တဲ့ နယ်စပ်တခုကို သိမ်းပိုက်ဖို့ ကြိုးစားခဲ့ပေမဲ့ ကာ့ဒ် တိုက်ခိုက်ရေးသမားတွေက ခုခံတိုက်ထုတ်နိုင်ခဲ့ကြပါတယ်။ အဲဒီနေရာဟာ တူရကီနိုင်ငံကို ဖြတ်ပြီး သေချာလေ့ကျင့်ထားတဲ့ PESHMERGA တိုက်ခိုက်ရေးသမား ၂၀၀ ကို Kobani ကို ပို့ပေးဖို့အတွက် အီရတ် ကာ့ဒ်တွေက ပြင်ဆင်ထားတဲ့ လမ်းကြောင်းဖြစ်ပါတယ်။

XS
SM
MD
LG