သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ခရစ်စမတ်မီးအလှတွေနဲ့ အိမ်တွေကို အလှဆင်


အမေရိကန်ပြည်ထောင်စု Christmas နဲ့ နှစ်သစ်ကူးအချိန်မှာ နေအိမ်တွေကို မီးရောင်တွေနဲ့ အလှဆင်ကြ (Photo: AFP)
အမေရိကန်ပြည်ထောင်စု Christmas နဲ့ နှစ်သစ်ကူးအချိန်မှာ နေအိမ်တွေကို မီးရောင်တွေနဲ့ အလှဆင်ကြ (Photo: AFP)

အမေရိကန်ပြည်ထောင်စုမှာ အခုလို Christmas နဲ့ နှစ်သစ်ကူးအချိန်မှာ နေအိမ်တွေကို မီးရောင်တွေနဲ့ အလှဆင်ကြတာက Christmas အစဉ်အလာတခု ဖြစ်ပါတယ်။ New York မြို့ Brooklyn အရပ်မှာရှိတဲ့ Dyker Heights ရပ်ကွက်မှာဆိုရင်လည်း တအိမ်ထက်တအိမ်သာအောင် မီးတွေကို အပြိုင်အဆိုင် အလှဆင်ထားကြတဲ့အတွက် လူတွေ တကူးတက သွားကြည့်နေကြပါတယ်။

လူအများ အလုပ်အားရက်ဖြစ်တဲ့ ခုလိုအချိန်မျိုးမှာ မိသားစုစုံညီ မီးရောင်တွေ သွားကြည့်နေကြတာကလည်း အစဉ်အလာတခုလို ဖြစ်နေတာပါ။ သူတို့ငယ်ငယ်က မိဘတွေနဲ့ Christmas မီးရောင်တွေကြည့်ခဲ့သလို သူတို့သားသမီးတွေကို အခုလိုက်ပြတာလို့ မီးရောင်လာကြည့်သူတော်တော်များများက ပြောကြပါတယ်။

Brooklyn Dyker Heights က အိမ်တွေလိုပဲ အမေရိကန်တဝန်းမြို့တွေက အိမ်တော်တော်များများမှာလည်း ပွဲတော်ကာလမှာ အခုလို မီးအလှမျိုးစုံနဲ့ အလှဆင်ထားကြပါတယ်။

XS
SM
MD
LG