သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အချမ်းသာဆုံး ၈၅ ဦး ဓနဥစ္စာ လူ သန်းပေါင်း ၃,၅၀၀ ပိုင်ဆိုင်မှုနဲ့ညီမျှ


ကမ္ဘာ့အချမ်းသာဆုံး လူပုဂ္ဂိုလ် ၈၅ ယောက်တို့ရဲ့ ချမ်းသာကြွယ်ဝမှု ပမာဏဟာ ကမ္ဘာ့လူဦးရေ သန်း ၇,၀၀၀ ကျော်ထဲက ထက်ဝက်ဖြစ်တဲ့ ဆင်းရဲသားတွေရဲ့ ချမ်းသာကြွယ်ဝမှု ပမာဏနဲ့ ညီမျှတယ်လို့ လူ့အခွင့်အရေးအဖွဲ့တခုဖြစ်တဲ့ Oxfam က ပြောလိုက်ပါတယ်။

အစိုးရနဲ့ စီးပွားရေးခေါင်းဆောင်တွေ ဒီသီတင်းပတ်အတွင်း စုဝေးတက်ရောက်ကြမယ့် ဆွစ်ဇာလန်နိုင်ငံ၊ ဒါးဗို့စ်မြို့က ကမ္ဘာ့စီးပွားရေးဖိုရမ် မတိုင်ခင်မှာပဲ ကမ္ဘာလုံးဆိုင်ရာ ဆင်းရဲချမ်းသာကွာဟမှု လေ့လာချက်တခုကို Oxfam အဖွဲ့က တနင်္လာနေ့မှာ ထုတ်ပြန်ခဲ့တာပါ။

ချမ်းသာသူတွေဟာ အခွန်နည်းနည်းပဲပေးရဖို့၊ ဥစ္စာဓနကို ပြည်ပမှာ သွားထားဖို့နဲ့ ကိုယ်ကျိုးစီးပွားအတွက် သူတို့ရဲ့ နိုင်ငံရေး သြဇာအာဏာကို အသုံးပြုခဲ့တယ်လို့ အစီရင်ခံစာ ပူးတွဲပြုစုသူ Nick Galasso က ဗွီအိုအေကို ပြောပါတယ်။

ဆင်းရဲချမ်းသာကွာဟမှု ကြီးမားတာဟာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်စေတယ်၊ အလွန်အမင်း ဆင်းရဲနွမ်းပါးမှုကို လျှော့ချဖို့ ခက်ခဲစေတယ်၊ ရာဇဝတ်ပြစ်မှုနဲ့ ရောဂါဘယတွေ အပါအဝင် လူမှု ဘေးဥပဒ်အမျိုးမျိုး ဖြစ်စေတယ်လို့ Nick Galasso က ပြောပါတယ်။
XS
SM
MD
LG