သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

စပါးေဈး ၾကမ္းခင္းတန္ဖိုးသတ္မွတ္ခ်က္ လယ္သမားေတြ ေမွ်ာ္လင့္တာထက္နည္း


Myanmar Rice Farmers

{Zawgyi/Unicode}

၂၀၂၁ ခုႏွစ္ မိုးစပါးနဲ႔ ၂၀၂၂ ခုႏွစ္ ေႏြစပါးအတြက္ စပါးတင္း ၁၀၀ ၾကမ္းခင္းေဈးတန္ဖိုးကို၅၄၀,၀၀၀ က်ပ္အျဖစ္ စစ္ေကာင္စီက သတ္မွတ္လိုက္ပါတယ္။ ဒီေဈးဟာ သူတို႔ ေမွ်ာ္လင့္ထားတဲ့ ေဈးထက္ နည္းေနတယ္လို႔ ေတာင္သူေတြက ေျပာၾကပါတယ္။ အေထြေထြကုန္ေဈးႏႈန္းေတြ အဆမတန္ တက္ေနတာျဖစ္လို႔ ဒီေဈးႏႈန္းနဲ႔သာ ေရာင္းရမယ္ဆိုရင္ အရႈံးေပၚဖို႔ ေသခ်ာတယ္လို႔ လယ္သမားေတြ ေျပာေနၾကတဲ့အေၾကာင္း ရန္ကုန္ကေပးပို႔တဲ့ ဒီသတင္းကို ကိုရန္ႏိုင္က ေျပာျပပါမယ္။

ျမန္မာႏိုင္ငံမွာ မိုးစပါးနဲ႔ေႏြစပါး ၾကမ္းခင္းေဈးကို သက္ဆိုင္ရာအာဏာပိုင္ေတြက ႏွစ္တိုင္း သတ္မွတ္ေပးပါတယ္။ ၂၀၂၁ ခုႏွစ္ မိုးစပါးနဲ႔ ၂၀၂၂ ခုႏွစ္ ေႏြစပါး တင္း ၁၀၀ အတြက္ ၾကမ္းခင္းတန္ဖိုးကို က်ပ္ ၅၄၀,၀၀၀ အျဖစ္ ေတာင္သူလယ္သမား အက်ိဳးစီးပြား ျမႇင့္တင္ေရးအဖြဲ႔က သတ္မွတ္လိုက္တာဟာ လက္ရွိအေျခအေနနဲ႔ ကိုက္ညီမႈမရွိဘဲ လယ္သမားေတြ အၾကပ္အတည္းနဲ႔ ပိုၿပီးရင္ဆိုင္ရႏိုင္တယ္လို႔ ဧရာဝတီတိုင္းက လယ္သမားေတြက ဗြီအိုေအကို ေျပာပါတယ္။

ၿပီးခဲ့တဲ့ႏွစ္ေတြကလည္း စပါးတင္း ၁၀၀ ကို ၅ သိန္းဝန္းက်င္ေဈးေတြ သတ္မွတ္ေပးခဲ့ေပမဲ့ လက္ရွိမွာ ေလာင္စာဆီ တပီပါကို က်ပ္ ၃၀၀,၀၀၀ ေက်ာ္ေနၿပီး ဓာတ္ေျမဩဇာကလည္း ဧရာဝတီတိုင္းမွာ တအိတ္ကို က်ပ္ ၆၀,၀၀၀ ရွိေနခ်ိန္မို႔ လယ္သမားေတြ အခက္ေတြ႕ေနတာပါ။ မႏွစ္ကေတာ့ ဒီေဈးေတြရဲ႕ သုံးပုံတပုံႏႈန္းပဲ ရွိတာပါ။

တျခား အေထြေထြကုန္က်စရိတ္ေတြပါ ထည့္ေပါင္းမယ္ဆိုရင္ စပါးတင္း ၁၀၀ ကို ၆၀၀,၀၀၀ ေက်ာ္ရမွ အဆင္ေျပလိမ့္မယ္လို႔ ဧရာဝတီတိုင္း၊ ပန္းတေနာ္ၿမိဳ႕နယ္က လယ္သမားဦးစံတင္က ဗြီအိုေအ ကို ေျပာပါတယ္။

“၆ သိန္းရဲ႕ အထက္မွာရွိေနမွ လယ္သမားေတြက အရင္းျပန္ရ႐ုံပဲရွိမွာ။ ဒါ ကိုယ့္ေငြနဲ႔ကိုယ္ လုပ္ထားတဲ့ လယ္သမားႀကီးေတြအဖို႔ ေျပာတာ၊ က်န္တဲ့ လယ္သမားေတြ မပါေသးဘူး။ အခုျဖစ္ေနတဲ့ ေဈးနဲ႔ ဆိုရင္ လယ္သမားေတြက ေသခ်ာေပါက္ရႈံးဖို႔ပဲ တြက္ထားၿပီးသားေလ အကုန္လုံးက။”

မိုးစပါးတဧကရဲ႕ စိုက္ပ်ိဳးစရိတ္က က်ပ္ ၃၅၀,၀၀၀ ေလာက္ရွိပါတယ္။ တဧကအထြက္က ပ်မ္းမွ် တင္း ၆၀ ေလာက္ပဲ ရွိတဲ့အတြက္ စပါးတင္း ၁၀၀ ကို ၅၄၀,၀၀၀ ပဲရမယ္ဆိုရင္ လယ္သမားေတြ အရႈံးေပၚႏိုင္ပါတယ္။ ကုန္က်စရိတ္နဲ႔ မကိုက္တဲ့အေျခအေနမို႔ လာမယ့္ေႏြစပါးက်ရင္ လယ္စိုက္သူ အေတာ္နည္းသြားႏိုင္ေၾကာင္း ဗမာႏိုင္ငံလုံးဆိုင္ရာ ေတာင္သူလယ္သမားမ်ားအဖြဲ႔ခ်ဳပ္ရဲ႕ ဧရာဝတီတိုင္း တာဝန္ခံ မန္းေအာင္ၿငိမ္းက ေျပာပါတယ္။

“မေန႔က ထုတ္ျပန္ခ်က္က ၅၄၀,၀၀၀ ဆိုတာ ဘယ္လိုမွ တြက္ေျခမကိုက္တဲ့ေဈးပဲ။ လယ္သမားေတြကေတာ့ ကိုယ့္လယ္ယာ ကိုယ္မစိုက္ရရင္ မေနႏိုင္ဘူးဗ်။ ကိုက္တာ မကိုက္တာ တြက္တဲ့သူလည္း တြက္တာေပါ့ဗ်ာ၊ တခ်ိဳ႕က်ေတာ့လည္း ျဖစ္လာမွ ၾကည့္လုပ္မယ္ဆိုတဲ့ လူလည္းရွိတယ္။ စိုက္ေတာ့စိုက္မယ္ ဒါေပမဲ့ နည္းသြားမယ္ေပါ့ဗ်ာ၊ ေႏြစပါးက က်ေနာ္ထင္တယ္၊ တဝက္နည္းပါးေလာက္ နည္းသြားႏိုင္တယ္။ လယ္သမားေတြကေတာ့ သိတဲ့အတိုင္းပဲ ပိုက္ဆံက နဂိုကတည္းက လိုေနတာဆိုေတာ့ အေႂကြးေတြက အတိုးေတြ တက္မွာစိုးလို႔ ေရာင္းရေတာ့တာေပါ့ဗ်ာ၊ ေနာက္ဆုံး မျဖစ္မေန ေရာင္းရတာေပါ့ဗ်ာ။”

လက္ရွိ ျပည္တြင္းေဈးကြက္မွာ ဇူလိုင္လကစၿပီး ဆန္ေဈးတက္ေနေပမဲ့ ေရာင္းအားကေတာ့ ပုံမွန္အတိုင္းပဲရွိေနတယ္လို႔ ဆန္လုပ္ငန္းရွင္တခ်ိဳ႕က ေျပာပါတယ္။ ဆန္တအိတ္ကို ပွ်မ္းမွ် ၃ ေသာင္းခြဲကေန ၄ ေသာင္းခြဲၾကားမွာရွိပါတယ္။

ျမန္မာႏိုင္ငံက ဆန္ေတြကို အဓိက တ႐ုတ္ႏိုင္ငံကို တင္ပို႔ေနတာျဖစ္ၿပီး လက္ရွိ တ႐ုတ္နဲ႔ နယ္စပ္ကုန္သြယ္ေရး ရပ္ဆိုင္းေနတဲ့အတြက္ ဆန္တင္ပို႔မႈပိုင္းလည္း ထိခိုက္ေနတယ္လို႔ ဆန္ကုန္သည္အသင္းက ေျပာထားပါတယ္။

တိုက္႐ိုက္ လင့္ခ္


========

{Unicode}

စပါးဈေး ကြမ်းခင်းတန်ဖိုးသတ်မှတ်ချက် လယ်သမားတွေ မျှော်လင့်တာထက်နည်း

၂၀၂၁ ခုနှစ် မိုးစပါးနဲ့ ၂၀၂၂ ခုနှစ် နွေစပါးအတွက် စပါးတင်း ၁၀၀ ကြမ်းခင်းဈေးတန်ဖိုးကို၅၄၀,၀၀၀ ကျပ်အဖြစ် စစ်ကောင်စီက သတ်မှတ်လိုက်ပါတယ်။ ဒီဈေးဟာ သူတို့ မျှော်လင့်ထားတဲ့ ဈေးထက် နည်းနေတယ်လို့ တောင်သူတွေက ပြောကြပါတယ်။ အထွေထွေကုန်ဈေးနှုန်းတွေ အဆမတန် တက်နေတာဖြစ်လို့ ဒီဈေးနှုန်းနဲ့သာ ရောင်းရမယ်ဆိုရင် အရှုံးပေါ်ဖို့ သေချာတယ်လို့ လယ်သမားတွေ ပြောနေကြတဲ့အကြောင်း ရန်ကုန်ကပေးပို့တဲ့ ဒီသတင်းကို ကိုရန်နိုင်က ပြောပြပါမယ်။

မြန်မာနိုင်ငံမှာ မိုးစပါးနဲ့နွေစပါး ကြမ်းခင်းဈေးကို သက်ဆိုင်ရာအာဏာပိုင်တွေက နှစ်တိုင်း သတ်မှတ်ပေးပါတယ်။ ၂၀၂၁ ခုနှစ် မိုးစပါးနဲ့ ၂၀၂၂ ခုနှစ် နွေစပါး တင်း ၁၀၀ အတွက် ကြမ်းခင်းတန်ဖိုးကို ကျပ် ၅၄၀,၀၀၀ အဖြစ် တောင်သူလယ်သမား အကျိုးစီးပွား မြှင့်တင်ရေးအဖွဲ့က သတ်မှတ်လိုက်တာဟာ လက်ရှိအခြေအနေနဲ့ ကိုက်ညီမှုမရှိဘဲ လယ်သမားတွေ အကြပ်အတည်းနဲ့ ပိုပြီးရင်ဆိုင်ရနိုင်တယ်လို့ ဧရာဝတီတိုင်းက လယ်သမားတွေက ဗွီအိုအေကို ပြောပါတယ်။

ပြီးခဲ့တဲ့နှစ်တွေကလည်း စပါးတင်း ၁၀၀ ကို ၅ သိန်းဝန်းကျင်ဈေးတွေ သတ်မှတ်ပေးခဲ့ပေမဲ့ လက်ရှိမှာ လောင်စာဆီ တပီပါကို ကျပ် ၃၀၀,၀၀၀ ကျော်နေပြီး ဓာတ်မြေဩဇာကလည်း ဧရာဝတီတိုင်းမှာ တအိတ်ကို ကျပ် ၆၀,၀၀၀ ရှိနေချိန်မို့ လယ်သမားတွေ အခက်တွေ့နေတာပါ။ မနှစ်ကတော့ ဒီဈေးတွေရဲ့ သုံးပုံတပုံနှုန်းပဲ ရှိတာပါ။

တခြား အထွေထွေကုန်ကျစရိတ်တွေပါ ထည့်ပေါင်းမယ်ဆိုရင် စပါးတင်း ၁၀၀ ကို ၆၀၀,၀၀၀ ကျော်ရမှ အဆင်ပြေလိမ့်မယ်လို့ ဧရာဝတီတိုင်း၊ ပန်းတနော်မြို့နယ်က လယ်သမားဦးစံတင်က ဗွီအိုအေ ကို ပြောပါတယ်။

“၆ သိန်းရဲ့ အထက်မှာရှိနေမှ လယ်သမားတွေက အရင်းပြန်ရရုံပဲရှိမှာ။ ဒါ ကိုယ့်ငွေနဲ့ကိုယ် လုပ်ထားတဲ့ လယ်သမားကြီးတွေအဖို့ ပြောတာ၊ ကျန်တဲ့ လယ်သမားတွေ မပါသေးဘူး။ အခုဖြစ်နေတဲ့ ဈေးနဲ့ ဆိုရင် လယ်သမားတွေက သေချာပေါက်ရှုံးဖို့ပဲ တွက်ထားပြီးသားလေ အကုန်လုံးက။”

မိုးစပါးတဧကရဲ့ စိုက်ပျိုးစရိတ်က ကျပ် ၃၅၀,၀၀၀ လောက်ရှိပါတယ်။ တဧကအထွက်က ပျမ်းမျှ တင်း ၆၀ လောက်ပဲ ရှိတဲ့အတွက် စပါးတင်း ၁၀၀ ကို ၅၄၀,၀၀၀ ပဲရမယ်ဆိုရင် လယ်သမားတွေ အရှုံးပေါ်နိုင်ပါတယ်။ ကုန်ကျစရိတ်နဲ့ မကိုက်တဲ့အခြေအနေမို့ လာမယ့်နွေစပါးကျရင် လယ်စိုက်သူ အတော်နည်းသွားနိုင်ကြောင်း ဗမာနိုင်ငံလုံးဆိုင်ရာ တောင်သူလယ်သမားများအဖွဲ့ချုပ်ရဲ့ ဧရာဝတီတိုင်း တာဝန်ခံ မန်းအောင်ငြိမ်းက ပြောပါတယ်။

“မနေ့က ထုတ်ပြန်ချက်က ၅၄၀,၀၀၀ ဆိုတာ ဘယ်လိုမှ တွက်ခြေမကိုက်တဲ့ဈေးပဲ။ လယ်သမားတွေကတော့ ကိုယ့်လယ်ယာ ကိုယ်မစိုက်ရရင် မနေနိုင်ဘူးဗျ။ ကိုက်တာ မကိုက်တာ တွက်တဲ့သူလည်း တွက်တာပေါ့ဗျာ၊ တချို့ကျတော့လည်း ဖြစ်လာမှ ကြည့်လုပ်မယ်ဆိုတဲ့ လူလည်းရှိတယ်။ စိုက်တော့စိုက်မယ် ဒါပေမဲ့ နည်းသွားမယ်ပေါ့ဗျာ၊ နွေစပါးက ကျနော်ထင်တယ်၊ တဝက်နည်းပါးလောက် နည်းသွားနိုင်တယ်။ လယ်သမားတွေကတော့ သိတဲ့အတိုင်းပဲ ပိုက်ဆံက နဂိုကတည်းက လိုနေတာဆိုတော့ အကြွေးတွေက အတိုးတွေ တက်မှာစိုးလို့ ရောင်းရတော့တာပေါ့ဗျာ၊ နောက်ဆုံး မဖြစ်မနေ ရောင်းရတာပေါ့ဗျာ။”

လက်ရှိ ပြည်တွင်းဈေးကွက်မှာ ဇူလိုင်လကစပြီး ဆန်ဈေးတက်နေပေမဲ့ ရောင်းအားကတော့ ပုံမှန်အတိုင်းပဲရှိနေတယ်လို့ ဆန်လုပ်ငန်းရှင်တချို့က ပြောပါတယ်။ ဆန်တအိတ်ကို ပျှမ်းမျှ ၃ သောင်းခွဲကနေ ၄ သောင်းခွဲကြားမှာရှိပါတယ်။

မြန်မာနိုင်ငံက ဆန်တွေကို အဓိက တရုတ်နိုင်ငံကို တင်ပို့နေတာဖြစ်ပြီး လက်ရှိ တရုတ်နဲ့ နယ်စပ်ကုန်သွယ်ရေး ရပ်ဆိုင်းနေတဲ့အတွက် ဆန်တင်ပို့မှုပိုင်းလည်း ထိခိုက်နေတယ်လို့ ဆန်ကုန်သည်အသင်းက ပြောထားပါတယ်။

#WhatIsHappeningInMyanmar #MyanmarAgriculture #voaburmese #မြန်မာ့ဆန် #စိုက်ပျိုးရေး #ဗွီအိုအေမြန်မာပိုင်း

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG