သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖဒိုမန်းရှာလုပ်ကြံခံရမှု ၁၀နှစ်ပြည့်ပေမယ့် တရားခံမပေါ်သေး


ဖဒိုမန်းရှာ (Phan Foundation)
ဖဒိုမန်းရှာ (Phan Foundation)

ကေအန်ယူ ကရင်အမျိုးသားအစည်းအရုံးရဲ့ ခေါင်းဆောင်ဖဒိုမန်းရှာ လုပ်ကြံခံရတာ ၁၀နှစ်ပြည့်ခဲ့ပေမဲ့ သူ့ကို အဓိကလက်သည်တရာခံကို ရှာဖွေမတွေရှိသေးတာကြောင့် အဲဒီ ကာလမှာတာဝန်ယူခဲ့တဲ့ စစ်အစိုးရလည်းတာဝန်ရှိတယ်လို့ မိသားစုကဆိုပါတယ်။ ဒါ့အပြင် ကေအန်ယူနဲ့ အနေနဲ့ အပစ်ခတ်ရပ်စဲရေးတွေလုပ်နေပေမယ့် စစ်မှန်တဲ့ငြိမ်းချမ်းရေးရဖို့ အတွက်ကတော့ အခက်အခဲတွေရှိနေတုန်း ပဲလို ထင်မြင်ယူဆကြောင်းမိသားစုကပြောပါတယ်။ မအေးအေးမာက သတင်းပေး ပို့ထားပါတယ်။

ကရင်အမျိုးသားအစည်းအရုံးရဲ့ခေါင်းဆောင် ဖဒိုမန်းရှာဟာ ၂၀၀၈ ခုနှစ်ဖေဖေါ်ဝါရီလ ၁၄ရက်နေ့မှာ နေအိမ်မှာသေနတ်နဲ့ ပစ်သတ်ခံရပြီး လုပ်ကြံခံခဲ့ရတာပါ။ ဒီအတွက် ဧရာဝတီတိုင်း ပန်းတနော်မြို့တောကျောင်းရွာမှာ ရှိတဲ့မိသားစုအနေနဲ့ နှစ်ပတ်လည်လုပ်တဲ့အခါမှာ ဟောပြောပွဲလုပ်မဲ့အစီစဉ်တွေရှိရင် အသိပေးဖို့ သက်ဆိုင်ရာရဲစခန်းကနေ မနှစ်ကနည်းတူ လာရောက်ပြောဆိုတာ ရှိတယ်လို့ ဖဒိုမန်းရှာရဲ့အကိုဖြစ်သူအငြိမ်းစားကျောင်းအုပ်ဆရာကြီးဦးတင်ရွှေကပြောပြပါတယ်။

"လာမေးတဲ့ သူတွေက ကျနော်တို့အုပ်စု (တောကျောင်းရွာ)က စခန်းတာဝန်ခံတွေပဲ အခမ်းအနားလုပ်မယ်ဆိုရင် အဝေးက ဘယ်သူလာမယ်ဆိုတာအစီရင်ခံ အသိပေးရမယ် ပေါ့။ ဥပမာ သက်ဆိုင်ရာကမေးလာရင် သူတို့ကသတင်းပို့ ရမယ်ပေါ့ ဘယ်သူဘယ်ဝါလာမယ်ဆိုတာသတင်းမပို့တဲ့အတွက် အခမ်းအနားအစီစဉ်အကြီးအကျယ်လုပ်ဖို့အစီစဉ်မရှိတဲ့အကြောင်း ကျနော်ပြောလိုက်တယ်။"

ပြီးခဲ့နှစ်တုန်းကလည်း ဖဒိုမန်းရှာရဲ့နှစ်ပတ်လည်လုပ်တဲ့ပွဲွမှာ မိသားစုကို စစ်ဆေးမေးမြန်းမှုတွေရှိခဲ့တာပါ။

ဖဒိုမန်းရှာဟာကေအန်ယူထဲမှာသာမက တိုင်းရင်းသား လက်နက်ကိုင်တပ်ပေါင်းစုတွေ မှာပါ အတွေးအခေါ်အရ ရပ်တည်ချက်ကောင်းသူအဖြစ်ထင်ရှားတာပါ။ သူသက်ရှိစဉ်ကာလမှာ လဲ ကေအန်ယူခေါင်းဆောင်တဦးအနေနဲ့ကိုယ်ကျိုးရှာတဲ့အပေးအယူတွေကိုမလုပ်ပဲ စစ်မှန်တဲ့ငြိမ်းချမ်းရေးရဖို့အတွက် ကြိုးစားနေတာကြောင့် သဘောထားတင်းမာသူအဖြစ် သူကိုဆန့်ကျင်သူတွေကဝေဖန်နေကြတာပါ ဖဒိုမန်းရှာလုပ်ကြံခံရပြီးနောက်ပိုင်းကေအန်ယူဟာ တနိုင်ငံလုံးပစ်ခတ်တိုက်ခတ်မူရပ်စဲရေး သဘောတူစာချုပ်ကိုပါလက်မှတ်ရေးထိုးခဲ့ပါတယ် ဒီအတွက်လက်ရှိငြိမ်းချမ်းရေးအလားအလာနဲ့ ဘယ်လိုမြင်ပါသလဲလို့မိသားစုကိုမေးတဲ့အခါမှာတော့။

" အတော်လေးကို့(ငြိမ်းချမ်းရေး)ရဖို့ခက်လိမ့်မယ်ကျနော်ထင်တယ် ကေအန်ယူနဲ့အဓိကထားပြိး သူတို့ညှီညှိနှိုင်းနှိုင်းအပေးအယူကောင်းတာမို ကေအန်ယူဘက်ကလည်းပျော့ပျော့ပြောင်းပြောင်းရွေးထုတ်ထားတယ်လို့သတင်းကြားတယ် ပွဲတိုင်းမှာလည်းကေအန်ယူအကြီးအကဲကိုပဲပွဲထုတ်ထားတာမို့ ပြောတာဆိုတာနဲ့စစ်ဆင်ရေးတွေလုပ်တာကိုင်တာနဲ့ ရိုးရိုးသားသားသိတ်ဖြစ်ပုံမရဘူးလားလို့စိတ်ထဲမှာထင်တယ်"

ဖဒိုမန်းရှာအနေနဲ့ သူရပ်တည်ချက် အတိုင်းလုပ်ဆောင်နေတဲ့ ကာလအတွင်းမှာ လုပ်ကြံခံရပေမဲ့ ပြည်သူတွေရဲ့ ကရင်လူထုရဲ့မေတ္တာကိုရရှိတာမို့ဝမ်းနည်းမှု တွေကြားကကျေနပ် မိတယ်လို့မိသားစုကဆိုပါတယ်။

"ကျနော်တို့မိသားစုအနေနဲ့ ကတော့သူတာဝန်ထမ်းဆောင်ခဲ့တဲ့ သက်တမ်းတလျောက်လုံး၆၅နှစ်လုံးလုံး သူလိုချင်တဲ့ ပန်းတိုင်မရောက်ပေမဲ့ တာဝန်အတော်လေးကျေတယ်လို့ထင်တယ် နောင်လည်းသေရမဲ့အတူတူ အခုလည်းပြည်သူတရပ်လုံးရဲမေတ္တာကိုသူရတဲ့အတွက် ကျနော်တို့စိတ်ထဲမှာတော့ကျေနပ်မိပါတယ်"

ဖဒိုမန်းရှာလုပ်ကြံခံရတဲ့ ၁၀နှစ်ပြည့်အဖြစ်မိသားစုတွေက ထုတ်ပြန်တဲ့ကြေငြာချက်ထဲမှာတော့မြန်မာနိုင်ငံဟာအရင်ကထက်ပို့ပြီးလူအခွင့်ရေးချိုးဖောက်မူတွေဆိုးဝါးလာနေတဲ့အကြောင်းနဲ့လက်ရှိအာဏာရပါတီများကလည်း အရင်စစ်အစိုးရ၏မူဝါဒလုပ်ဆောင်ချက်များကို ဆက်လက်အကောင် အထည်ဖော်နေပြီး ဖိနှိပ်မှုများသက်ဆိုးရှည်အောင်လုပ်ဆောင်နေသည်ကိုတွေ့မြင်ရသည့် အတွက် များစွာစိတ်ပျက်မိပါတယ်လို့ ဖော်ပြထားပါတယ် မြန်မာအစိုးရနဲ့ကေအန်ယူကြားမှာ NCA လက်မှတ်ရေးထိုးထားပေမဲ့ ဖဒိုမန်းရှာလုပ်ကြံခံရတာ ၁၀နှစ်ပြည်တဲ့တိုင် သူရဲ့ သားသမီးလေးယောက်ကတော့ မြန်မာနိုင်ငံကိုပြန်ဖို့အတွက် ပြည်ဝင်ခွင့်ပိတ်ပင်ခံရဆဲဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG