သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကမၻာ့ေရွးေဟာင္း အေမြအႏွစ္နယ္ေျမ ပုဂံမွာ ဆႏၵျပသူေတြကိုပစ္ခတ္


pagan pagoda (Sithu / Htet Aung khant )

Zawgyi/Unicode

ကမၻာေရွးေဟာင္းအေမြအႏွစ္နယ္ေျမျဖစ္တဲ့ပုဂံမွာ ဆႏၵျပသူေတြကို လံုၿခံဳေရးတပ္ဖဲြ႔ဝင္ေတြ ပစ္ခတ္တာေၾကာင့္ လူတေယာက္ထိခုိက္ခဲ့ၿပီး က်ည္အစစ္အသံုးျပဳတယ္လုိ႔ ေဒသခံျပည္သူ ေတြကယူဆေနၾကပါတယ္။ ဒီလို ပစ္ခတ္တာေၾကာင့့္ ေဒသခံေတြဟာ လူထိခိုက္ေသေက်မွာအျပင္ ေရွးေဟာင္းအေမြအႏွစ္ေတြ ပ်က္စီးမွာ ကိုလည္း စိုးရိမ္ေနၾကတဲ့အေၾကာင္းကို ကိုမိုးေဇာ္က တင္ျပေပးထားပါတယ္။

ပုဂံၿမိဳ႔အတြင္းပစ္ခတ္တာဟာ တနဂၤေႏြေန႔မနက္ပိုင္းက ပုဂံၿမိဳ႔သစ္ မဏိစည္သူေစ်းေျမာက္ဘက္ လမ္းမွာ ျဖစ္ပြားခဲ့တာပါ။ မပစ္ခတ္ခင္မွာ လံုၿခံဳေရးတပ္ဖဲြ႔က ႀကိဳတင္သတိေပးတားျမစ္တာမရိွဘဲ ပစ္ခတ္ခဲ့တာျဖစ္ေၾကာင္း VOA ကို ကိုယ္တိုင္မ်က္ျမင္ၾကံဳေတြသူတဦးက အခုလုိ ေျပာျပပါတယ္။

ပုဂံ-ေညာင္ဦးမွ စစ္အာဏာသိမ္းဆန္႔က်င္ေရး လူထုလႈပ္ရွားမႈျမင္ကြင္း။ (ဓာတ္ပုံ-ေဒသခံတဦး)
ပုဂံ-ေညာင္ဦးမွ စစ္အာဏာသိမ္းဆန္႔က်င္ေရး လူထုလႈပ္ရွားမႈျမင္ကြင္း။ (ဓာတ္ပုံ-ေဒသခံတဦး)

“စျဖစ္တာက ပုဂံၿမိဳ႔သစ္ေစ်းေျမာက္ဘက္လမ္းမွာ လူစုၿပီးေတာ့ သံပံုးတီးတာေပါ့ေနာ္။ သူတို႔ ဝင္ မလာေအာင္။ အဲဒီအခ်ိန္ မွာ သူတုိ႔ ရဲကားတစ္စီးနဲ႔ ရဲကား အႀကီးႀကီးတစီးက ေစ်းလမ္းကို ေမာင္းဝင္သြားတယ္။ သူတို႔ဘာမွမလုပ္ဘူး။ ခနေနေတာ့ ျပန္ေကြ႔လာတယ္။ ျပန္ေကြ႔လာၿပီးေတာ့ လူစုဆီလည္း ေရာက္ေရာ ကားကို အတင္းဘရိတ္အုပ္ၿပီးေတာ့ ရဲေတြက ခုန္ဆင္းၿပီး ပစ္တာေပါ့ေနာ္။ က်ည္အစစ္နဲ႔လုိ႔ပဲ ယူဆတယ္။ ဘာလုိ႔လဲဆုိေတာ့ ကေလးတေယာက္လည္း ပါးေစာင္ေပါက္ သြားၿပီး ေတာ့ အထဲက သြားေတြလည္း ေပါက္သြားတဲ့ သေဘာရိွတာေပါ့ေနာ္။ အဲေတာ့ အဲဒီပံုေတြၾကည့္ရ တာေတာ့ က်ေနာ္တုိ႔က ရာဘာက်ည္လုိ႔ မယူဆဘူး။ က်ည္အစစ္လုိ႔ပဲ ယူဆတယ္။ က်ည္ဆံအခံြ ေတြလည္း ေတြ႔ထားတယ္ဆုိေတာ့ အမ်ားၾကီးေတြ႔ထားတယ္။”

အဲဒီလုိ ပစ္ခတ္ၿပီးေနာက္မွေတာ့ ေဒသခံေတြက သတင္းေပးဆိုၿပီး ေစ်းတန္းဓမၼာရံုမွာ ဖမ္းဆီးထား သူကို လံုၿခံဳေရးတပ္ဖဲြ႔က လာေရာက္ထုတ္ယူခဲ့ေၾကာင္းနဲ႔ လုိထုတ္ယူခ်ိန္မွာ ထပ္မံပစ္ခတ္တာေတြ ရိွခဲ့ေၾကာင္း ေျပာပါတယ္။

ပုဂံေဒသခံေတြကေတာ့ လံုၿခံဳေရးတပ္ဖဲြ႔ကပစ္ခတ္တာေၾကာင့္ လူေသေက်ထိခုိက္မွာအျပင္ ေရွးေဟာင္းအေမြအႏွစ္ေတြ ပ်က္စီးမွာကိုလည္း စိုးရိမ္ေနၾကတဲ့အေၾကာင္း အျခားပုဂံၿမိဳ႔သားတဦးက အခုလိုေျပာပါတယ္။

“အဓိကက ကမၻာအေမြအႏွစ္ေဒသမွာ စစ္ျဖစ္ရင္ေတာင္မွ ဗံုးႀကဲလို႔ မရဘူးဆိုတဲ့ က်ေနာ္တုိ႔ ဗဟု သုတ ရိွတယ္ေလ။ အခုကက်ေတာ့ ဒီလုိပစ္တဲ့ခတ္တဲ့အတြက္ ပုဂံဘုရားေတြ ထိခိုက္မွာေၾကာက္လုိ႔ မပစ္ေစခ်င္ဘူးေပါ့ဗ်ာ။ အေမြအႏွစ္ေတြကို ထိခုိက္မွာစိုးတာလည္းပါတယ္။ ဒီေဒသခံေတြ အသက္အႏၱရာယ္ထိခုိက္မွာ စိုးတာလည္း ပါတာေပါ့။ ”

ေညာင္ဦးၿမိဳ႕ဘက္မွာလည္း ဆႏၵျပသူေတြကို ရာဘာက်ည္နဲ႔ ပစ္ခတ္တာေၾကာင့္ တေယာက္ ထိခုိက္ေၾကာင္း ေဒသခံေတြက ေျပာပါတယ္။

ျမန္မာႏိုင္ငံရဲ့ ေရွးေဟာင္းယဥ္ေက်းမႈ အေမြအႏွစ္ေတြစုေဝးရာ ပုဂံေဒသကို ကုလသမဂၢ ပညာေရး၊ သိပၸံနဲ႔ ယဥ္ေက်းမႈဆိုင္ရာအဖြဲ႔ UNESCO က ကမာၻ႔ယဥ္ေက်းမႈအေမြအႏွစ္အျဖစ္ ၂၀၁၉ခုႏွစ္ က သတ္မွတ္ခဲ့တာပါ။ ဒီလို သတ္မွတ္ရာမွာ ၁၉၇၂ခုႏွစ္ ကမၻာယဥ္ေက်းမႈအေမြအႏွစ္ေဒသမ်ား ထိန္းသိမ္း ကာကြယ္ေစာင့္ေရွာက္ျခင္းနဲ႔ သက္ဆိုင္တဲ့ သေဘာတူညီခ်က္မွာ ယဥ္ေက်းမႈ အေမြ အႏွစ္ေတြကို တိုက္ရိုက္ျဖစ္ေစ၊ သြယ္ဝိုက္၍ျဖစ္ေစ ထိခိုက္ပ်က္ဆီးေစတာမ်ိဳး မျပဳလုပ္ဖုိ႔လည္း ေဖာ္ျပထားပါတယ္။

တိုက္႐ိုက္ လင့္ခ္


Unicode

ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်နယ်မြေ ပုဂံမှာ ဆန္ဒပြသူတွေကိုပစ်ခတ်

ကမ္ဘာရှေးဟောင်းအမွေအနှစ်နယ်မြေဖြစ်တဲ့ပုဂံမှာ ဆန္ဒပြသူတွေကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ပစ်ခတ် တာကြောင့် လူတယောက်ထိခိုက်ခဲ့ပြီး ကျည်အစစ်အသုံးပြုတယ်လို့ ဒေသခံပြည်သူတွေက ယူဆ နေကြပါတယ်။ ဒီလို ပစ်ခတ်တာကြောင့် ဒေသခံတွေဟာ လူထိခိုက်သေကျေမှာအပြင် ရှေးဟောင်း အမွေအနှစ်တွေ ပျက်စီးမှာ ကိုလည်း စိုးရိမ်နေကြတဲ့အကြောင်းကို ကိုမိုးဇော်က တင်ပြပေးထားပါတယ်။

ပုဂံမြို့အတွင်းပစ်ခတ်တာဟာ တနင်္ဂနွေနေ့မနက်ပိုင်းက ပုဂံမြို့သစ် မဏိစည်သူဈေးမြောက်ဘက်လမ်း မှာ ဖြစ်ပွားခဲ့တာပါ။ လုံခြုံရေးတပ်ဖွဲ့ကသတိပေးတားမြစ်တာမရှိဘဲ ပစ်ခတ်ခဲ့တာဖြစ်ကြောင်း VOA ကို ကိုယ်တိုင်မျက်မြင်ကြုံတွေသူတဦးက အခုလို ပြောပြပါတယ်။

“စဖြစ်တာက ပုဂံမြို့သစ်ဈေးမြောက်ဘက်လမ်းမှာ လူစုပြီးတော့ သံပုံးတီးတာပေါ့နော်။ သူတို့ဝင်မလာအောင်။ အဲဒီအချိန် မှာ သူတို့ ရဲကားတစ်စီးနဲ့ ရဲကား အကြီးကြီးတစီးက ဈေးလမ်းကို မောင်းဝင်သွားတယ်။ သူတို့ဘာမှမလုပ်ဘူး။ ခနနေတော့ ပြန်ကွေ့လာတယ်။ ပြန်ကွေ့လာပြီးတော့ လူစုဆီလည်း ရောက်ရော ကားကို အတင်းဘရိတ်အုပ်ပြီးတော့ ရဲတွေက ခုန်ဆင်းပြီး ပစ်တာပေါ့နော်။ ကျည်အစစ်နဲ့လို့ပဲ ယူဆတယ်။ ဘာလို့လဲဆိုတော့ ကလေးတယောက်လည်း ပါးစောင်ပေါက်သွားပြီးတော့ အထဲက သွားတွေလည်း ပေါက်သွားတဲ့ သဘောရှိတာပေါ့နော်။ အဲတော့ အဲဒီပုံတွေကြည့်ရတာတော့ ကျနော်တို့က ရာဘာကျည်လို့ မယူဆဘူး။ ကျည်အစစ်လို့ပဲ ယူဆတယ်။ ကျည်ဆံအခွံတွေလည်း တွေ့ထားတယ်ဆိုတော့ အများကြီးတွေ့ထားတယ်။”

အဲဒီလို ပစ်ခတ်ပြီးနောက်မှတော့ ဒေသခံတွေက သတင်းပေးဆိုပြီး ဈေးတန်းဓမ္မာရုံမှာ ဖမ်းဆီးထားသူကို လုံခြုံရေးတပ်ဖွဲ့က လာရောက်ထုတ်ယူခဲ့ကြောင်းနဲ့ လိုထုတ်ယူချိန်မှာ ထပ်မံပစ်ခတ်တာတွေ ရှိခဲ့ကြောင်း ပြောပါတယ်။

ပုဂံဒေသခံတွေကတော့ လုံခြုံရေးတပ်ဖွဲ့က ပစ်ခတ်တာကြောင့် လူသေကျေထိခိုက်မှာအပြင် ရှေးဟောင်းအမွေအနှစ်တွေ ပျက်စီးမှာကိုလည်း စိုးရိမ်နေကြတဲ့အကြောင်း အခြားပုဂံမြို့သားတဦးက အခုလိုပြောပါတယ်။

“အဓိကက ကမ္ဘာအမွေအနှစ်ဒေသမှာ စစ်ဖြစ်ရင်တောင်မှ ဗုံးကြဲလို့ မရဘူးဆိုတဲ့ ကျနော်တို့ ဗဟုသုတရှိတယ်လေ။ အခုကကျတော့ ဒီလိုပစ်တဲ့ခတ်တဲ့အတွက် ပုဂံဘုရားတွေ ထိခိုက်မှာကြောက်လို့ မပစ်စေချင်ဘူးပေါ့ဗျာ။ အမွေအနှစ်တွေကို ထိခိုက်မှာ စိုးတာလည်း ပါတယ်။ ဒီဒေသခံတွေ အသက်အန္တရာယ်ထိခိုက်မှာ စိုးတာလည်း ပါတာပေါ့။ ”

ညောင်ဦးမြို့ဘက်မှာလည်း ဆန္ဒပြသူတွေကို ရာဘာကျည်နဲ့ ပစ်ခတ်တာကြောင့် တစ်ယောက်ထိခိုက်ကြောင်း ဒေသခံတွေက ပြောပါတယ်။

မြန်မာနိုင်ငံရဲ့ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်တွေ စုဝေးရာ ပုဂံဒေသကို ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှုဆိုင်ရာအဖွဲ့ UNESCO က ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်အဖြစ် ၂၀၁၉ခုနှစ် က သတ်မှတ်ခဲ့တာပါ။ ဒီလို သတ်မှတ်ရာမှာ ၁၉၇၂ခုနှစ် ကမ္ဘာယဉ်ကျေးမှုအမွေအနှစ်ဒေသများ ထိန်းသိမ်း ကာကွယ်စောင့်ရှောက်ခြင်းနဲ့ သက်ဆိုင်တဲ့ သဘောတူညီချက်မှာ ယဉ်ကျေးမှုအမွေအနှစ်တွေကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ထိခိုက်ပျက်ဆီးစေတာမျိုး မပြုလုပ်ဖို့လည်း ဖော်ပြထားပါတယ်။

#MyanmarMilitaryCoup #MyanamrProtest #BaganWorldHeratageSite #WhatIsHappeningInMyanmar #VOABurmese

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG