သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပန်ဂျက် အုပ်ချုပ်ရေးမှူးလုပ်ကြံသူကို သေဒဏ်ချမှတ်


ပန်ဂျက် အုပ်ချုပ်ရေးမှူးလုပ်ကြံသူကို သေဒဏ်ချမှတ်

ဒီနှစ်အစောပိုင်းက ခရိုင်အုပ်ချုပ်ရေးမှူးတဦးကို သတ်ဖြတ်ခဲ့တဲ့ ပါကစ္စတန်အရာရှိကို ပြစ်မှုထင်ရှားတဲ့အတွက် ပါကစ္စတန်တရားရုံးတခုကနေ ဒီကနေ့ သေဒဏ် အပြစ်ပေးလိုက်ပါတယ်။ ရဲအရာရှိ Mumtaz Qadri ဟာ ပန်ဂျက်ခရိုင် အုပ်ချုပ်ရေးမှူး Salman Taseer ကို သတ်ဖြတ်ခဲ့ကြောင်း ၀န်ခံခဲ့ပါတယ်။

Qadri ဟာ ခရိုင် အုပ်ချုပ်ရေးမှူးရဲ့ လုံခြုံရေးအဖွဲ့ဝင် တစ်ဦးဖြစ်ပါတယ်။ အဲဒီ ခရိုင်အုပ်ချုပ်ရေးမှူးဟာ ပါကစ္စတန်နိုင်ငံမှာ အငြင်းပွားစရာဖြစ်နေတဲ့ ဘာသာရေးစော်ကားမှု ဥပဒေကို ဆန့်ကျင်တဲ့အတွက် သတ်ပစ်တာလို့ ဆိုပါတယ်။

ခရိုင်အုပ်ချုပ်ရေးမှူး Taseer ဟာ အဆိုပါ အစွန်းရောက် ဘာသာရေးအယူဝါဒ ရှိသူတွေကို ဆန့်ကျင်ပြောဆိုသူ ဖြစ်တယ်လို့ သိရပါတယ်။ သူဟာ အဲဒီအငြင်းပွားဖွယ် ဥပဒေကို ပြုပြင်ပြောင်းလဲဖို့ ရှေ့တန်းကနေ လုပ်ဆောင်နေသူဖြစ်ပြီး မလိုက်နာသူတွေကို ပြင်းထန်စွာ အရေးယူဖို့ ဆောင်ရွက်ခဲ့သူလည်း ဖြစ်ပါတယ်။

အသတ်ခံရသူ ခရိုင်အုပ်ချုပ်ရေးမှူး Taseer ဟာ တမန်တော် မိုဟာမတ်ကို ထိခိုက်အောင် ဝေဖန်ပြောဆိုသူ၊ ခရစ်ယာန်အမျိုးသမီးတစ်ဦးကို ပြစ်ဒဏ်ကနေ လွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့ တောင်းဆိုတဲ့သူဖြစ်တယ်လို့ ဒီကနေ့ သေဒဏ် အပြစ်ပေးခံရတဲ့ ရဲအရာရှိက ပြောဆိုပါတယ်။

XS
SM
MD
LG