သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပါကစ္စတန်ရောက် အာဖဂန်ဒုက္ခသည်တွေ ၂ နှစ်အတွင်းပြန်ခေါ်မည်


အာဖဂန်ဒုက္ခသည်တွေ
အာဖဂန်ဒုက္ခသည်တွေ

အာဖဂန်နစ္စတန်အတွင်း မတည်ငြိမ်မှုတွေကြောင့် ဆိုပြီး ထွက်ပြေးသွားရတဲ့ ရွှေ့ပြောင်းနေထိုင်သူတွေအရေး အဆုံးသတ်အောင် ပါကစ္စတန်ရောက်နေတဲ့ ဒုက္ခသည်အားလုံးကို လာမယ့် ၂ နှစ်အတွင်း ပြန်ခေါ်မယ်လို့ ကတိပေးကြောင်း အာဖဂန် သမ္မတ Ashraf Ghani က ရုပ်မြင်သံကြားကနေတဆင့် စနေနေ့မှာ မိန့်ခွန်းပြောဆိုလိုက်ပါတယ်။

ပါကစ္စတန် စစ်တပ်အထောက်အပံ့ပေးထားတဲ့ တာလီဘန် စစ်သွေးကြွတွေနဲ့ ဟက်ကာနီ ကွန်ရက်တို့ ဒေသခံတွေနဲ့ အမေရိကန် ကျောထောက်နောက်ခံပြု တပ်တွေအကြား အာဖဂန်တွင်း အသေအကြေတိုက်ခိုက်မှုတွေကြောင့် ဆိုပြီး အိမ်နီးချင်း ၂ နိုင်ငံ ဆက်ဆံရေး ယိုယွင်းလာပြီးတဲ့နောက် ဒီလို ကတိပေးမှု ထွက်ပေါ်လာတာပါ။ အာဖဂန် ရွှေ့ပြောင်းနေထိုင်သူ ၂.၇ သန်းကို ပါကစ္စတန်က လက်ခံထားရတာ ဖြစ်ပြီး တဝက်ဟာ အထောက်အထားမရှိ နေထိုင်သူတွေ ဖြစ်ပါတယ်။

ဒုက္ခသည်တွေကြား အာဖဂန် အကြမ်းဖက်သမားတွေက ရောပြီး နေထိုင်နေတာကြောင့် ဒုက္ခသည်တွေ နေရပ်ရင်းကို အမြန် ပြန်နိုင်ရေး အထူးလိုအပ်နေတာလည်း ဖြစ်ပါတယ်။ အီရန်နိုင်ငံတွင်းက အာဖဂန်ဒုက္ခသည်တွေ ပြန်ခေါ်နိုင်ရေး ကြိုးပမ်းမယ့်အကြောင်းလည်း Ghani က ကတိပေးလိုက်ပါသေးတယ်။ အာဖဂန်အတွင်း ဆိုဗီယက် ဝင်ရောက်သိမ်းပိုက်မှုကြောင့် သန်းနဲ့ချီတဲ့ ဒေသခံတွေ ပါကစ္စတန်နဲ့ အီရန်နိုင်ငံတွေဆီ ထွက်ပြေးတိမ်းရှောင်ရမှုအပေါ် ရပ်ဆိုင်းဖို့ ကာဗူးမြို့ သမ္မတပိုင်းဆိုင်ရာ အစည်းအဝေးအတွင်း Ghani က ပြောဆိုသွားပါတယ်။

ပါကစ္စတန်ရောက် အာဖဂန်ဒုက္ခသည်တွေ ၂ နှစ်အတွင်းပြန်ခေါ်မည်
please wait

No media source currently available

0:00 0:00:59 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG