သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လေဆိပ်အကြမ်းဖက်မှု ပါကစ္စတန် တာလီဘန် တာဝန်ယူလုပ်ဆောင်


ပါကစ္စတန်လေဆိပ် အကြမ်းဖက်မှုအတွင်း ထိခိုက်ဒဏ်ရာရသူတွေကို သယ်ဆောင်လာစဉ်။
ပါကစ္စတန်လေဆိပ် အကြမ်းဖက်မှုအတွင်း ထိခိုက်ဒဏ်ရာရသူတွေကို သယ်ဆောင်လာစဉ်။
ပါကစ္စတန်နိုင်ငံတွင်း အစည်ကားဆုံး လေဆိပ်ဖြစ်တဲ့ ကရာချိလေဆိပ်ကို အကြမ်းဖက်မှုတိုက်ခိုက်တာ သူတို့ဖြစ်တယ်လို့ ပါကစ္စတန် တာလီဘန်အဖွဲ့က ကြေညာပါတယ်။ အဲဒီ အကြမ်းဖက်တိုက်ခိုက်မှုအတွင်းမှာတော့ သေနက်သမား ၁၀ ဦးအပါအဝင် လူ ၂၈ ဦး သေဆုံးခဲ့တာပါ။

ကရာချိမြို့ရဲ့ Jinnah နိုင်ငံတကာလေဆိပ်ရဲ့ လေဆိပ်ခန်းမဆောင်ဟောင်းထဲ လက်နက်အပြည့်အစုံနဲ့ စစ်သွေးကြွတွေ ဝင်ရောက် တိုက်ခိုက်ခဲ့တာပါ။ တနင်္လာနေ့ အစောပိုင်းတုန်းကဖြစ်တဲ့ အဲဒီ တိုက်ခိုက်မှုအတွင်း ရဲနဲ့စစ်သား လုံခြုံရေးတပ်ဖွဲ့တွေနဲ့ သေနက်သမားတွေဟာ ငါးနာရီကြာအောင် အပြန်အလှန်ပစ်ခတ်မှုတွေဖြစ်ခဲ့ပါတယ်။ သေနက်သမားအချို့ဟာ စစ်ဝတ်စုံတွေကို ဝတ်ဆင်ထားကြပြီး ကုန်တင် လေယာဉ်နဲ့ အထူးလေယဉ်တွေအတွက် အသုံးပြုတဲ့ လေဆိပ်ခန်းမကို ဝင်ရောက်တိုက်ခိုက်ခဲ့ကြတာပါ။

နောက်ဆုံးတော့ သေနက်သမားအချို့ဟာ ရဲတွေရဲ့ ပစ်ခတ်သုတ်သင်ခဲ့ရသလို အချို့ကတော့ ပေါက်ကွဲပစ္စည်းတွေနဲ့ မိမိဖာသာ ဖောက်ခွဲ အသေခံခဲ့ကြပါတယ်။ တိုက်ခိုက်မှုတွေကြောင့် လေဆိပ်ဝန်ထမ်းလေးဦးနဲ့အတူ လုံခြုံရေးဝန်ထမ်းအတော်များများ သေဆုံးခဲ့ပါတယ်။ ခရီးသွားတွေကတော့ ထိခိုက်မှုမရှိပါဘူး။ တိုက်ခိုက်သူအချို့ဟာ Uzbekistan က လာသူတွေဖြစ်ဖွယ်ရှိတယ်လို့ ပြည်နယ် ပြည်သူ့စစ် ခေါင်းဆောင် ဗိုလ်မှူးချုပ် တဦးက သတင်းထောက်တွေကို ပြောပါတယ်။

အာဖဂန်နယ်စပ်က စစ်သွေးကြွတွေ အခြေစိုက်ရာနေရာတွေကို လေကြောင်းတိုက်ခိုက်မှုတွေလုပ်တာနဲ့ ပါကစ္စတန်တာလီဘန်ခေါင်းဆောင် Hakimullah Mehsud သတ်ဖြတ်ခံရတာတွေကို လက်စားချေတဲ့အနေနဲ့ အခုလို တိုက်ခိုက်တာဆိုပြီး ပါကစ္စတန်တာလီဘန်အဖွဲ့ ပြောခွင့်ရသူက ပြောပါတယ်။

သူတို့ခေါင်းဆောင် Mehsud ကတော့ အမေရိကန်ရဲ့ အဝေးထိန်းဒုံးလက်နက်နဲ့ ပစ်ခတ်တယ်လို့ ယူဆရတဲ့ တိုက်ခိုက်မှုမှာ သေဆုံးခဲ့တာဖြစ်ပါတယ်။
XS
SM
MD
LG