သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရန်နဲ့ ပါကစ္စတန် ဆက်ဆံရေးတိုးမြှင့်


အီရန်သမ္မတ Hassan Rouhani နဲ့ပါကစ္စတန်ဝန်ကြီးချုပ် Nawaz Sharif တွေ့ဆုံ ( မတ် ၂၅၊ ၂၀၁၆)
အီရန်သမ္မတ Hassan Rouhani နဲ့ပါကစ္စတန်ဝန်ကြီးချုပ် Nawaz Sharif တွေ့ဆုံ ( မတ် ၂၅၊ ၂၀၁၆)

နိုင်ငံတကာရဲ့ စီးပွားရေးပိတ်ဆို့ဒဏ်ခတ်မှုတွေ ဖယ်ရှားပြီးတဲ့နောက်ပိုင်း - အိမ်နီးချင်း ပါကစ္စတန်နိုင်ငံနဲ့ ဆက်ဆံရေးမြှင့်တင်တဲ့အနေနဲ့ နှစ်နိုင်ငံ ကုန်သွယ်ရေး၊ လုံခြုံရေးနဲ့ စွမ်းအင်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေကို တိုးမြှင့်လုပ်ဆောင်ဖို့ ပါကစ္စတန်နိုင်ငံ ခေါင်းဆောင်တွေ နဲ့ ဆွေးနွေး ပြောဆိုမှုတွေ အတွင်း အီရန်သမ္မတ Hassan Rouhani က - ကတိပြုခဲ့ပါတယ်။

၂ ရက်ကြာ ခရီးစဉ်အဖြစ် သောကြာနေ့က အစ္စလာမာဘတ်မြို့ကို သမ္မတ Rouhani ရောက်ရှိခဲ့ပြီး၊ ဒါဟာ သမ္မတတာဝန် ထမ်းဆောင်ချိန် ကတည်းက ပါကစ္စတန်ကို သူ့ရဲ့ ပထမဆုံးသွားရောက်မှုဖြစ်ပြီး ပါကစ္စတန်ဝန်ကြီးချုပ် Nawaz Sharif နဲ့ အကြောင်းအရာမျိုးစုံကို ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။

ဆွေးနွေးပြီးနောက်ပိုင်းမှာလည်း နှစ်နိုင်ငံခေါင်းဆောင်တွေဟာ သတင်းစာ ရှင်းလင်းပွဲ အကျဉ်းချုံးလုပ်ခဲ့ပြီး၊ စီးပွားရေးနဲ့ လူမှုရေးကဏ္ဍတွေမှာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုတွေကို တိုးမြှင့်လုပ်ဆောင်ဖို့နဲ့ ပတ်သက်တဲ့ နားလည်မှု စာချွန်လွှာတော်တော်များများကိုလည်း လက်မှတ်ရေးထိုးခဲ့ကြတဲ့ အကြောင်း ကြေညာခဲ့တာပါ။

အီရန်အပေါ် ဒဏ်ခတ်မှုတွေ ပြဌာန်းထားတာကြောင့် နှစ်နိုင်ငံ စီးပွားရေး ဆက်ဆံမှုတွေမှာ ထိခိုက်ခဲ့ရကြောင်းနဲ့ သောကြာနေ့က ဆွေးနွေးမှုတွေမှာတော့ - ကုန်သွယ်ရေး၊ စီးပွားရေးနဲ့ စွမ်းအင် အပါအဝင် လုပ်ငန်းမျိုးစုံမှာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုအဆင့်ကို တိုးမြှင့်ဖို့ ဆုံးဖြတ်ချက်ကို ထပ်လောင်း ပြောဆိုခဲ့ကြတဲ့အကြောင်းလည်း ပါကစ္စတန်ဝန်ကြီးချုပ် Sharif က ပြောဆိုခဲ့ပါတယ်။

ပါကစ္စတန်နဲ့ အီရန်အကြား ကုန်သွယ်ရေးလုပ်ဆောင်ချက်တွေနဲ့ ၂ နိုင်ငံ လူထုကြား ဆက်သွယ်မှုတွေ ချောမောလွယ်ကူစေဖို့အတွက်လည်း နှစ်နိုင်ငံ ဖြတ်သန်းသွားလာနိုင်မယ့် နယ်စပ်ဂိတ် အသစ် ၂ ခု ဖွင့်လှစ်ဖို့ကိုလည်း ဆုံးဖြတ်ခဲ့ကြတယ်လို့လည်း ပါကစ္စတန်ဝန်ကြီးချုပ်က ပြောဆိုသွားခဲ့ပါတယ်။

XS
SM
MD
LG