သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပါကစ္စတန် အကြမ်းဖက်တိုက်ဖျက်ရေး တာဝန်ခံ တဒါဇင်ကျော် အဖမ်းခံရ


ပါကစ္စတန် နိုင်ငံမှာ အကြမ်းဖက်မှု တန်ပြန်တိုက်ဖျက်ရေး တာဝန်ရှိသူ တဒါဇင်ကျော်ကို တနင်္ဂနွေနေ့က အစိုးရက ဖမ်းဆီးကြောင်း AP သတင်းက ဖော်ပြပါတယ်။ လူလတ်ပိုင်း ဇနီးမောင်နှံ နှစ်ဦး၊ သူတို့ရဲ့ ဆယ်ကျော်သက် အရွယ် သမီးနဲ့ မိသားစု မိတ်ဆွေတို့ကို အရာရှိတွေက သေနတ်နဲ့ ပစ်သတ်ခဲ့ပြီးနောက် တနေ့မှာဘဲ အခုလို ဖမ်းဆီးလိုက်တာ ဖြစ်ပါတယ်။ အရာရှိတွေကတော့ အစ္စလာမ္မစ် အစွန်းရောက် IS စစ်သွေးကြွတွေနဲ့ ပစ်ခတ်မှုလို့ ပြောဆိုခဲ့ကြတာပါ။

ဒါပေမယ့်လည်း မျက်မြင်တွေ့သူတွေနဲ့ ဆွေမျိုးတွေကတော့ သေနတ်နဲ့ သွေးအေးအေး ပစ်သတ်ခံခဲ့ရတာလို့ ပြောဆိုထားပါတယ်။ Sahiwal မြို့မှာ ဆွေမျိုးတွေက နေရာက ဖယ်မပေးဘဲ ဆန္ဒပြကြပြီး သေဆုံးသူတွေရဲ့ ရုပ်အလောင်းတွေကို အာဏာပိုင်တွေကို ဖယ်ရှားခွင့် မပြုခဲ့ဘူးလို့လည်း ပါကစ္စတန် သတင်းစာ Dawn က ဖော်ပြပါတယ်။ မင်္ဂလာဆောင်ပွဲ တခုကို တက်ဖို့ အသွားမှာ ရဲတွေက ပစ်ခတ်ခဲ့တာလို့ ကျန်ဖြစ်သူ သားဖြစ်သူက ပြောဆိုတာကို Dawn သတင်းစာရဲ့ ဖော်ပြထားပြီး ပါကစ္စတန် ရုပ်သံကလည်း သားဖြစ်သူရဲ့ ဗီဒီယိုကို ထုတ်လွှင့်ခဲ့ပါတယ်။

ကားထဲမှာလည်း ဘာလက်နက်မှ မပါဘူးလို့ သားဖြစ်သူက ပြောပါတယ်။ ကားထဲကနေ သေနတ်နဲ့ ပစ်ခတ်ခဲ့တာ မရှိဘူးလို့လည်း မျက်မြင်တွေရဲ့ အတည်ပြု ပြောဆိုချက်ကို Dawn သတင်းမှာ ဖော်ပြပါတယ်။ အကြမ်းဖက်မှု တန်ပြန်နှိမ်နင်းရေး ရဲတပ်ဖွဲ့ အနေနဲ့ အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေးမှာ စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့သလိုဘဲ လူတိုင်းဟာလည်း တရားဥပဒေကို လိုက်နာကြရမှာ ဖြစ်တယ်လို့ ဝန်ကြီးချုပ် Imran Khan က တွစ်တာမှာ ရေးသားပါတယ်။

မိဘတွေ ပစ်ခတ်သတ်ဖြတ်ခံရတာကို မျက်မြင်တွေ့ခဲ့ရတဲ့ ကလေးတွေကို တွေ့ရတဲ့ အတွက်လည်း တုန်လှုပ်ခြောက်ခြားရကြောင်း၊ ဒီကလေးတွေကို နိုင်ငံက တာဝန်ရှိတဲ့ အတိုင်း အပြည့်အ၀ စောင့်ရှောက်သွားမယ်လို့ ဝန်ကြီးချုပ်က ရေးသားခဲ့ပါတယ်။ ပစ်ခတ်ခံခဲ့ရတဲ့ မိသားစု အတွင်းက သမီးငယ် နှစ်ဦးလည်း အသက်ရှင် လွတ်မြောက်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG