သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစ္စလာမ်စော်ကားမှု တရားခံရှေ့နေ ပါကစ္စတန်မှ ထွက်ပြေး


ဘာသာရေးစော်ကားမှုနဲ့ သေဒဏ်ကျခံရသူ အမျိုးသမီးကို လွတ်ငြိမ်းခွင့်ရအောင် အမှုဆောင်ခဲ့သူ ရှေ့နေ Saiful Malook
ဘာသာရေးစော်ကားမှုနဲ့ သေဒဏ်ကျခံရသူ အမျိုးသမီးကို လွတ်ငြိမ်းခွင့်ရအောင် အမှုဆောင်ခဲ့သူ ရှေ့နေ Saiful Malook

ပါကစ္စတန်နိုင်ငံမှာ အစ္စလာမ်ဘာသာရဲ့ တမန်တော်မိုဟာမက်ဒ်ကို ပုတ်ခတ်စော်ကားတယ်ဆိုတဲ့ စွဲချက်နဲ့ သေဒဏ်ချမှတ်ခံခဲ့ရ တဲ့ ခရစ်ယာန်ဘာသာဝင်အမျိုးသမီးကို သေဒဏ်ကလွတ်အောင် ကူညီလုပ်ဆောင်ပေးခဲ့တဲ့ ဥပဒေအကျိုးဆောင် Saiful Mulook ပါကစ္စတန်ကနေ သူ ထွက်ပြေး ရပြီလို့ စနေနေ့မှာပြောပါတယ်။

အကြောင်းကတော့ အမျိုးသမီးကို ဒီသီတင်းပတ်အစောပိုင်းမှာ သေဒဏ်ကနေ ကင်းလွတ်ခွင့် ပေးလိုက်ပြီးတဲ့နောက် အစ္စလာမ် ဝါဒီတွေက ကန့်ကွက်ဆန္ဒပြတာတွေ အကြီးအကျုယ်ဖြစ် လာတဲ့ အတွက် သူ့အသက်အန္တရာယ် စိုးရိမ်ရတာကြောင့်လို့ ပြောပါ တယ်။ လုံခြုံရေးတပ်ဖွဲ့တွေက သူ့ကို အကာအကွယ်ပေးမယ်ဆိုရင်တော့ နိုင်ငံကိုပြန်ပြီး ဒီအမှုကို ဆက်လုပ်မယ်လို့ ရှေ့နေ Mulook ကပြောပါတယ်။

၂၀၁၀ ပြည့်နှစ်မှာ သေဒဏ်ချမှတ်ခံခဲ့ရတဲ့ Asia Bibi ရဲ့ အယူခံလွှာကို ပါကစ္စတန်တရားရုံးချုပ်က ဗုဒ္ဓဟူးနေ့မှာ အတည်ပြုပေးပြီး တဲ့နောက် ဆန္ဒပြပွဲတွေ စဖြစ်လာတာပါ။

အစ္စလာမ်မစ် စစ်သွေးကြွအဖွဲ့ Tehreek e-Labbaik ya Rasool Allah (TLYR) အဖွဲ့ဝင်တွေဟာ ပါကစ္စတန်ရဲ့ အကြီးဆုံးမြို့ကြီး သုံးမြို့က လမ်းမကြီးတွေကို ပိတ်ဆို့ခဲ့ကြပြီး Asia Bibi မှာ အပြစ် မရှိကြောင်း ဆုံးဖြတ်ခဲ့တဲ့ တရားရုံးချုပ် တရားသူကြီးတွေကို သတ်ပစ်ဖို့ တောင်းဆိုကြပါတယ်။

Bibi ကို အကူအညီပေးခဲ့တဲ့ နိုင်ငံရေးသမားနှစ်ဦးဟာလည်း လုပ်ကြံ သတ်ဖြတ်ခံလိုက်ရပြီးပါပြီ။ လမ်းတွေကိုပိတ်ဆို့ထားတဲ့ ဆန္ဒပြပွဲတွေ အဆုံးသတ်စေဖို့အတွက် အစိုးရနဲ့ အစ္စလာမ်မစ်ဝါဒီတွေ အကြား သောကြာနေ့က ညှိနှိုင်းပြီး ဆုံးဖြတ်ချက် အယူခံ ကို တရားရုံးချုပ်က ကြားနာနေချိန်မှာ Bibi နိုင်ငံကထွက်မသွားအောင် တားဆီးဖို့ ဥပဒေအရ လုပ်ဆောင်မယ်လို့ အစိုးရက ကတိပေးထား ပါတယ်။

အစ္စလာမ်စော်ကားမှု တရားခံရှေ့နေ ပါကစ္စတန်မှ ထွက်ပြေး
please wait

No media source currently available

0:00 0:00:55 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG