သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပါကစ္စတန်တက္ကသိုလ် ပစ်ခတ်မှု ၂၀ ထက်မနည်း သေဆုံး


ပါကစ္စတန်အနောက်မြောက်ပိုင်းက တက္ကသိုလ်မှာ ဒီကနေ့ တိုက်ခိုက်မှုုဖြစ်။
ပါကစ္စတန်အနောက်မြောက်ပိုင်းက တက္ကသိုလ်မှာ ဒီကနေ့ တိုက်ခိုက်မှုုဖြစ်။

ပါကစ္စတန်နိုင်ငံ၊ အနောက်မြောက်ပိုင်းက တက္ကသိုလ်တခုကို သေနတ်တွေ၊ ဗုံးတွေနဲ့ ဒီကနေ့ တိုက်ခိုက်တာမှာ လူ ၂၁ ယောက် ထက်မနည်းသေဆုံးပြီး ဒါဇင်ပေါင်းများစွာ ဒဏ်ရာရသွားတယ်လို့ တာဝန်ရှိသူတွေနဲ့ ဆေးရုံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

အကြမ်းဖက်သမား ၄ ယောက်ပါတဲ့အဖွဲ့တဖွဲ့ဟာ Charsadda မြို့က Bacha Khan တက္ကသိုလ်ကို ဒီကနေ့မနက် ၉ နာရီလောက် မှာ အတင်း ဝင်လာပြီး ကျောင်းသားတွေ နဲ့ ဆရာတွေကို ပစ်ခတ်ကြတာလို့ လုံခြုံရေးပိုင်း သတင်းရင်းမြစ်တွေက ပြောပါတယ်။

သေဆုံးဒဏ်ရာရသူတချို့မှာ သေနတ်ကျည်ဆံရာတွေရော ဓါးဒဏ်ရာ တွေကိုပါ တွေ့ရတယ်လို့ ကျောင်းသားတွေနဲ့ တက္ကသိုလ် ဝန်ထမ်းတွေက အဲဒီမှာရှိနေတဲ့ ဗွီအိုအေသတင်းထောက်ကိုပြောပါတယ်။

တက္ကသိုလ်ကို တိုက်ခိုက်သူတွေထဲမှာ အသေခံဗုံးခွဲသူ ၂ ဦး ထက်မနည်းပါတယ်လို့ ဒေသဆိုင်ရာ ရဲတပ်ဖွဲ့ ဒုတိယစုံစမ်းစစ်ဆေး ရေးမှူးချုပ် Saeed Wazir Khan ကပြောပါတယ်။ တက္ကသိုလ်ကို တိုက်ခိုက်တဲ့ကိစ္စ သူတို့နဲ့ဘာမှမဆိုင်ဘူးလို့ ပါကစ္စတန် တာလီဘန်အဖွဲ့ပြောခွင့်ရ Mohammad Khorasani က ပြောပါတယ်။ စစ်ဘက်နဲ့မဆိုင်တဲ့ အဖွဲ့အစည်းတွေဟာ သူတို့ပစ်မှတ် ထားတဲ့ စာရင်းထဲမှာ မပါဘူးလို့ ဆိုပါတယ်။ ဒီကနေ့ တိုက်ခိုက်မှုဟာ အစ္စလာမ် Shariah တရားဥပဒေနဲ့ ဆန့်ကျင်တယ်လို့ ဗွီအိုအေကိုပို့တဲ့ ထုတ်ပြန်ချက်တခုထဲမှာ Khorasani က ပြောထားပါတယ်။

တက္ကသိုလ်ကို တိုက်ခိုက်သူလေးဦး လွှတ်ထားတယ်လို့ ဒေသတွင်း တာလီဘန်တပ်မှူးတဦးက အစောပိုင်းမှာ ပြောထားပါတယ်။ ဒီ မတူညီတဲ့ ပြောဆိုချက်တွေ အပေါ် ရှင်းလင်းချက်တော့ ထွက်မလာသေးပါဘူး။

XS
SM
MD
LG