သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပါကစ္စတန်တိုက်ခိုက်မှု သူတို့လက်ချက်လို့ IS ဆို


ပါကစ္စတန်နိုင်ငံ အနောက်တောင်ပိုင်းက ရဲတပ်သားသစ် ၆၁ ယောက်ထက်မနည်း သေဆုံးကာ ၁၂၀ ကျော် ဒဏ်ရာရခဲ့တဲ့အထိ - ရဲသင်တန်း ကျောင်းတခုကို ပစ်မှတ်ထား အသေခံတိုက်ခိုက်ခဲ့တာဟာ သူတို့လက်ချက်ဖြစ်တယ်လို့ IS စစ်သွေးကြွအဖွဲ့က ပြောဆိုလိုက်ပါတယ်။

ရဲသင်တန်းကျောင်းဝင်းအတွင်းက တပ်ဖွဲ့ဝင်သစ်တွေရဲ့ အဆောင်ကို တိုက်ခိုက်သူ ၃ ဦး ဝင်ရောက်လာပြီး၊ အဲဒီမှာရှိနေသူတွေကို သေနတ်နဲ့ တရစပ်ပစ်ခတ်ရင်း တနင်္လာနေ့ ညသန်းခေါင်ယံမတိုင်ခင်မှာ တိုက်ခိုက်မှု စတင်ခဲ့တာ ဖြစ်ပါတယ်။

အင်္ဂါနေ့မှာတော့ IS အစွန်းရောက်အဖွဲ့က သူတို့ရဲ့ Amaq သတင်းဌာနကတဆင့် - ခန္ဓာကိုယ်မှာ ဖောက်ခွဲရေးပစ္စည်းတွေ တပ်ဆင်ထားပြီး စက်သေနတ်တွေကိုင်ဆောင်ထားတဲ့ တိုက်ခိုက်သူ ၃ ဦးရဲ့ ဓာတ်ပုံတွေကို ထုတ်ပြန်ခဲ့ပါတယ်။

ပါကစ္စတန်တပ်ဖွဲ့ဝင်တွေနဲ့ ကွန်မန်ဒိုအထူးတပ်ဖွဲ့ဝင်တွေ ရောက်လာပြီး၊ သေနတ်သမားတွေနဲ့ ထိပ်တိုက်မတွေ့ခင်မှာပဲ - တိုက်ခိုက်သူတွေဟာ ဓားစာခံတချို့ကို မြန်မြန်ဆန်ဆန် ဖမ်းဆီးနိုင်ခဲ့ကြောင်း မျက်မြင်သက်သေတွေက ပြောဆိုပါတယ်။

ရဲသင်တန်းကျောင်းဝင်းကို နောက်ပိုင်းမှာ နာရီနဲ့ချီပြီး ရှင်းလင်းခဲ့ရပါတယ်။ လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ အပြန်အလှန် ပစ်ခတ်မှုအတွင်း သေနတ်သမား ၁ ယောက် သေဆုံးခဲ့ပြီး၊ နောက် ၂ ယောက်ကတော့ သူတို့ကိုယ်သူတို့ အသေခံဖောက်ခွဲခဲ့ပြီးနောက် အင်္ဂါနေ့မနက် အာရုဏ်မတက်ခင်အချိန်မှာပဲ စီးနင်းတိုက်ခိုက်မှု အဆုံးသတ်ခဲ့ကြောင်း - ဒေသခံအရာရှိတဦးက ပြောဆိုခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG