သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘင်လာဒင်အတွက် တာလီဘန်က ပါကစ္စတန်ကို လက်စားချေ တိုက်ခိုက်


ဘင်လာဒင်အတွက် တာလီဘန်က ပါကစ္စတန်ကို လက်စားချေ တိုက်ခိုက်
ဘင်လာဒင်အတွက် တာလီဘန်က ပါကစ္စတန်ကို လက်စားချေ တိုက်ခိုက်

ပါကစ္စတန်နိုင်ငံ အနောက်မြောက်ဘက် ဒေသက အသေခံ ဗုံးခွဲတိုက်ခိုက်မှု ၂ ခုကြောင့် သေဆုံးသူ အရေအတွက်ဟာ ၈၀ ထက်မနည်း ရှိခဲ့ပါတယ်။

ပါကစ္စတန်မှာရှိတဲ့ တာလီဘန် အဖွဲ့ကတော့ အယ်လ်ခိုင်းဒါး (Al Qaida) အကြမ်းဖက်အဖွဲ့ ခေါင်းဆောင် အိုစမာ ဘင်လာဒင် (Osama Bin Laden) သေဆုံးမှုကို လက်တုံ့ပြန်တဲ့ အနေနဲ့ ဒီကနေ့ တိုက်ခိုက်မှုကို လုပ်ဆောင်ခဲ့တာလို့ ကြေညာခဲ့တာပါ။

ခိုင်ဘာ ပက်ခ်တွန်ခွာ (Khyber-Pakhtunkhwa) ပြည်နယ်က စစ်လေ့ကျင့်ရေး စခန်းမှာ ဗုံးခွဲတိုက်ခိုက်မှုတွေ ဖြစ်ခဲ့တဲ့အတွက် အပြင်းအထန် ဒဏ်ရာရသူတွေ အပါအဝင် လူပေါင်း ၁၂၀ ကျော်လည်း ထိခိုက်ဒဏ်ရာတွေ ရခဲ့ကြပါတယ်။ သေဆုံးသွားသူတွေထဲက အများစုဟာ သင်တန်းပြီးကာစ ဗိုလ်လောင်းတွေ ဖြစ်တယ်လို့လည်း တာဝန်ရှိသူတွေက ပြောဆိုခဲ့ကြတာပါ။

ခေတ္တ ခွင့်ရတဲ့အချိန် အိမ်ပြန်ကြမယ့် အရာရှိလောင်းတွေ ကားပေါ်တက်နေတုန်းမှာ ဒီကနေ့ တိုက်ခိုက်မှု ဖြစ်ပွားခဲ့တာလို့လည်း မျက်မြင်တွေ့သူတွေက ပြောပါတယ်။

အကြမ်းဖက်အဖွဲ့ ခေါင်းဆောင် ဘင်လာဒင်ကိုတော့ အမေရိကန် အထူးကွန်မန်ဒို တပ်ဖွဲ့ဝင်တွေက ပါကစ္စတန် အနောက်ဘက်ဒေသက အဘော့တာဘတ် (Abbottabad) မြို့မှာ ဒီလ ၂ ရက်နေ့တုန်းက စီးနင်း တိုက်ခိုက်မှုအတွင်း သုတ်သင်ခဲ့ကြတာကို လက်စားချေ တိုက်ခိုက်မှုတွေ ထပ်လုပ်သွားမယ်လို့လည်း ပါကစ္စတန် တာလီဘန် ပြောခွင့်ရသူက ပြောဆိုခဲ့တာပါ။

ပါကစ္စတန် ခေါင်းဆောင်တွေနဲ့ အစ္စလာမ်မာဘတ်မြို့တော်က အမေရိကန် သံရုံးတို့ကတော့ အကြမ်းဖက် တိုက်ခိုက်မှုအပေါ် ပြစ်တင် ရှုတ်ချခဲ့ကြပါတယ်။

XS
SM
MD
LG