သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီယာချမ်း ရေခဲမြစ် စစ်မဲ့ဇုန်သတ်မှတ် ဖို့ အိန္ဒိယ ပါကစ္စတန် စဉ်းစား

ပါကစ္စတန် ကြည်းတပ် ဦးစီးချုပ် ဗိုလ်ချုပ် အာရှဖက် ပါဘက် ကနီရာ (Ashfaq Parvez Kayani) အခင်း ဖြစ်ပွားရာ နေရာသို့ ရောက်ရှိစဉ်
ပါကစ္စတန် ကြည်းတပ် ဦးစီးချုပ် ဗိုလ်ချုပ် အာရှဖက် ပါဘက် ကနီရာ (Ashfaq Parvez Kayani) အခင်း ဖြစ်ပွားရာ နေရာသို့ ရောက်ရှိစဉ်

အိန္ဒိယ နဲ့ ပါကစ္စတန် နယ်စပ်၊ ပါကစ္စတန် မြောက်ပိုင်း ကက်စ်ရှမီးရား ဒေသမှာ ကြီးမား တဲ့ ရေခဲ ပြိုကျမှု ဖြစ်ပွားပြီး တော့ ပါကစ္စတန် စစ်သား နဲ့ အရပ်သား ၁၀၀ ကျော် နှင်း နဲ့ ရေခဲ ပြင်အောက် မှာ နစ်မြုပ် သေဆုံး ခဲ့ရပြီးတော့ အဲဒီ ဒေသ ကို စစ်မဲ့ဇုန် အဖြစ် ပြုလုပ်ဖို့ တောင်းဆိုမှု တွေ ပြန်လည် ထွက်ပေါ်လာပါတယ်။

အမြင့် မီတာ ၂၀ ရှိတဲ့ နှင်းထု နံရံကြီးဟာ ဆီယာချမ်း ရေခဲမြစ် ဒေသရဲ့ အမြင့်ပိုင်းမှာ ရှိတဲ့ စစ်တပ် စခန်း အတွင်းကို စနေနေ့ က ပြိုကျခဲ့ တာဖြစ်ပါတယ်။ အဲဒီ ဒေသမှာ အိန္ဒိယရော ပါကစ္စတန် ရှေ့တန်း စခန်းတွေ တည်ရှိပြီးတော့ ကမ္ဘာအမြင့် ဆုံး စစ်မြေပြင်လို့ အသိအမှတ် ပြုထားတဲ့ နေရာ ဖြစ်ပါတယ်။

ဒီတောအတွင်း အမေရိကန် ကျွမ်းကျင်သူ အဖွဲ့ တစ်ဖွဲ့ဟာ ကယ်ဆယ်ရေး လုပ်ငန်းတွေ မှာ ပါဝင် အကူအညီ ပေးဖို့ အတွက် တနင်္လာနေ့မှာ ပါကစ္စတန် နိုင်ငံကို ရောက်ရှိလာပါတယ်။

ပါကစ္စတန် ကြည်းတပ် ဦးစီးချုပ် ဗိုလ်ချုပ် အာရှဖက် ပါဘက် ကရာနီ (Ashfaq Parvez Kayani) ဟာ အခင်းဖြစ်ပွားရာကို တနင်္ဂနွေ နေ့ က သွားခဲ့ပြီးတော့ ကယ်ဆယ်ရေး လုပ်ငန်းတွေကို ကြီးကြပ်ခဲ့ပါတယ်။ ကယ်ဆယ်ရေး လုပ်ငန်းတွေ မှာ ရဟတ်ယာဉ်တွေ၊ တပ်ဖွဲ့ဝင်တွေ သာမက အနံခံခွေးတွေ၊ ဆရာဝန်တွေ၊ ကျန်းမာရေး အမှုထမ်းတွေ ပါဝင်ပါတယ်။

အသက်ရှင် ကျန်ရစ်သူ ရှိတဲ့ လက္ခဏာ မတွေ့ရ သလို သေဆုံးသူတွေ ရဲ့ ရုပ်အလောင်းတွေ တလောင်းမှ မတွေ့ရဘူး လို့ စစ်ဖက် ဆိုင်ရာ အရာရှိတွေ က ပြောပါတယ်။ တပ်သား ၁၂၄ ယောက် နဲ့ အရပ်သား ၁၁ ယောက် တို့ ဟာ နှင်းရေခဲ အောက်မှာ နှစ်မြုပ်နေတယ် လို့ ပါကစ္စတန် စစ်တပ်က ပြောပါတယ်။

This item is part of
XS
SM
MD
LG