သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘင်္ဂလားဒေ့ရှ် နဲ့ ပါကစ္စတန် သံတမန်တွေ အပြန်အလှန် ဆင့်ခေါ်


ဘင်္ဂလားဒေ့ရှ် အစ္စလာမ် နိုင်ငံရေး ပါတီ ခေါင်းဆောင် Moulana Rahman Nizamie။
ဘင်္ဂလားဒေ့ရှ် အစ္စလာမ် နိုင်ငံရေး ပါတီ ခေါင်းဆောင် Moulana Rahman Nizamie။

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ၁၉၇၁ ခုနှစ်က ပါကစ္စတန်ကို တွန်းလှန် တိုက်ခိုက်ပြီး၊ လွတ်လပ်ရေး ရခဲ့တဲ့ စစ်ပွဲအတွင်း ပြစ်မှုတွေ ကျူးလွန်ခဲ့တယ်လို့ စွပ်စွဲခံထားရတဲ့ ဘင်္ဂလားဒေ့ရှ် အစ္စလာမ် နိုင်ငံရေး ပါတီ ခေါင်းဆောင်ကို ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ကွပ်မျက်လိုက်ပြီးတဲ့နောက်၊ ပါကစ္စတန်နဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံနှစ်နိုင်ငံအကြား တင်းမာမှုတွေ တိုးပွားလာပြီး၊ သက်ဆိုင်ရာ သံအမတ်တွေကို ဆင့်ခေါ်ခဲ့ကြပါတယ်။

ပါကစ္စတန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ထိပ်တန်း ဘင်္ဂလားဒေ့ရှ် သံတမန်ကို အစ္စလာမ်မာဘတ်မြို့ကို ဆင့်ခေါ်လိုက်ပြီး၊ Motiur Rahman Nizami ကို ကွပ်မျက်လိုက်တာကို ပြစ်တင်ရှုတ်ချဖို့တခဲနက် ထောက်ခံထားတဲ့ ပါလီမန် ဆုံးဖြတ်ချက်ကို ပေးအပ်ခဲ့ပါတယ်။

အဲဒီနောက် မကြာခင်မှာပဲ ဘင်္ဂလားဒေ့ရှ် နိုင်ငံကလည်း ပါကစ္စတန် သံတမန်ကို ဒါကာမြို့ကို ဆင့်ခေါ်ပြီး၊ ပါကစ္စတန်ရဲ့ ထုတ်ပြန်ချက်အပေါ် ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ အကြီးဆုံး အစ္စလာမ်မစ်ပါတီ Jamaat-e-Islami (JeI) ကို ခေါင်းဆောင်တဲ့ Nizami ရဲ့ သေဒဏ် အယူခံတင်သွင်းမှုကို တရားရုံးချုပ်က ပယ်ချလိုက်ပြီးနောက် ဘင်္ဂလားဒေ့ရှ် သမ္မတရဲ့ လွတ်ငြိမ်းခွင့်ကိုလည်း မတောင်းခံခဲ့တဲ့ အတွက် သူ့ကို ဗုဒ္ဓဟူးနေ့က ကြိုးပေး ကွပ်မျက်လိုက်တာ ဖြစ်ပါတယ်။

XS
SM
MD
LG