သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘနာဇီယာဘူတိုလုပ်ကြံမှု ၇ ဦးကို စွဲချက်တင်


ဘနာဇီယာဘူတိုလုပ်ကြံမှု ၇ ဦးကို စွဲချက်တင်

၂၀၀၇ ခုနှစ်က ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း ဘနာဇီယာဘူတို လုပ်ကြံခံခဲ့ရမှုနဲ့ပတ်သက်ပြီး စစ်သွေးကြွ ၅ ယောက်နဲ့ ရဲအရာရှိ ၂ ယောက်ကို ပါကစ္စတန် အကြမ်းဖက်မှု ဆန့်ကျင်ရေး တရားရုံးကနေ စွဲချက်တင် လိုက်ပါတယ်။

အခုစွဲချက်တင်ခံခဲ့ရတဲ့ ရ၀ယ်ပင်ဒီ (Rawalpindi) ရဲချုပ်ဟောင်းနဲ့ အဆင့်မြင့်ရဲအရာရှိတို့ကို အဲ့ဒီမြို့မှာ ၀န်ကြီးချုပ်ဟောင်း ဘူတိုရဲ့ လုံခြုံရေးအတွက် လုံလုံလောက်လောက် အကာအကွယ်ပေးဖို့ ပျက်ကွက်ခဲ့မှုနဲ့ စွဲချက်တင်ခဲ့တာပါ။

စစ်သွေးကြွ ၅ ယောက်ကိုတော့ ပါကစ္စတန် အနောက်မြောက်ပိုင်းမှာရှိတဲ့ လူမျိုးစုဒေသကနေ အသေခံဗုံးဖောက်ခွဲသမား တစ်ဦးကို ခေါ်လာပြီး ရ၀ယ်ပင်ဒီ က အိမ်တစ်လုံးမှာ ဖွက်ထားခဲ့မှုအတွက် ရာဇ၀တ်မှုမကင်းတဲ့ ပူးပေါင်းကြံစည်မှုနဲ့ စွဲချက်တင်ခဲ့ပါတယ်။

ဝန်ကြီးချုပ်ဟောင်း ဘနာဇီယာဘူတို ဟာ ဒီမြို့မှာ ရွေးကောက်ပွဲအတွက် စည်းရုံးနေစဉ် အသေခံဗုံးခွဲသမား လက်ချက်နဲ့ ၂၀၀၇ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်မှာ သေဆုံးခဲ့ရတာဖြစ်ပါတယ်။ စွပ်စွဲခံရသူအားလုံးကတော့ ဒီစွဲချက်တွေနဲ့ပတ်သက်ပြီး ငြင်းဆန်နေတာဖြစ်ပါတယ်။

XS
SM
MD
LG