သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘာသာရေးစော်ကားမှုနဲ့ ဖမ်းဆီးခံ ပါကစ္စတန်အမျိုးသမီး ပြန်လွှတ်ပေးမယ့် အစီအစဉ်ဆိုင်းငံ့


ခရစ်ယာန်ဘာသာဝင် ပါကစ္စတန်နိုင်ငံသူ Asia Bibi
ခရစ်ယာန်ဘာသာဝင် ပါကစ္စတန်နိုင်ငံသူ Asia Bibi

ဘာသာရေးကို ပုတ်ခတ်စော်ကားမှုနဲ့ ပါကစ္စတန်နိုင်ငံမှာ သေဒဏ်ချမှတ်ခံခဲ့ရတဲ့ ခရစ်ယာန်အမျိုးသမီးတဦးကို ပါကစ္စတန်တရားရုံးကချုပ်က အခုသီတင်းပတ်အစောပိုင်းက တရားသေးလွှတ်ပေးလိုက်တဲ့ကိစ္စကို ရွှေ့ဆိုင်းလိုက်ပါတယ်။ Asia Bibi ကို ဗုဒ္ဓဟူးနေ့က အပြစ်မရှိကြောင်းဆုံးဖြတ်ပြီး တရားသေလွှတ်ပေးလိုက်တဲ့အတွက် ပါကစ္စတန်နိုင်ငံတဝှမ်း ဆန္ဒပြတာတွေဖြစ်ပွားခဲ့ပါတယ်။ ဒီကနေ့ သောကြာနေ့ ဝတ်ပြုပြီးတဲ့နောက်မှာလည်း နိုင်ငံတဝှမ်း နောက်ထပ်ဆန္ဒပြသွားကြမှာဖြစ်ပါတယ်။ ပါကစ္စတန်စစ်တပ်ကတော့ ဆန္ဒပြတဲ့သူတွေအပေါ် စိတ်ရှည်သည်းခံနိုင်မှုဟာ အဆုံးစွန်ထိရောက်နေပြီလို့ သတိပေးထားပါတယ်။ ကျနော်တို့ကို ဝေဖန်ပြောဆိုတာတွေနဲ့ ပတ်သက်ပြီ ကျနော်တို့ သည်းခံနေပါတယ် ဒါပေမဲ့ ဥပဒေတွေ၊ ဖွဲ့စည်းပုံဥပဒေတွေနဲ့ အညီ ကျနော်တို့အနေနဲ့ အရေးယူလာနိုင်ပြီး၊ ကျနော်တို့ကို အဲဒီလို အရေးယူတာတွေလုပ်လာအောင်တော့ အတင်းမလုပ်ဖို့လိုတယ်လို့ ပါကစ္စတန်စစ်တပ် ပြောခွင့်ရ Asif Ghafoor က ပြောပါတယ်။ နေ့စားအလုပ်သမား Asia Bibi ဟာ သူနဲ့ အတူအလုပ်လုပ်တဲ့အမျိုးသမီးတွေနဲ့ အခြေတင်ပဋိပက္ခတွေဖြစ်ရာ ဖမ်းခံခဲ့ရတာဖြစ်ပါတယ်။ Bibi က သူနဲ့ အတူလုပ်နေတဲ့အမျိုးသမီးတွေအတွက် ရေခပ်ပေးလာတာကို အဲဒီအမျိုးသမီးတွေက Bibi ဟာ ခရစ်ယာန်ဖြစ်တာကြောင့် သူယူလာပေးတဲ့ရေကို သောက်ဖို့ ငြင်းဆန်ခဲ့ရာနေ အခြေတင်စကားများခဲ့ကြတယ်လို့ တရားရုံးမှာ သူကထွက်ဆိုခဲ့ပါတယ်။ အဲဒီနောက် ရက်အနည်းငယ်အကြာမှာ Qari Muhammad Salaam ဆိုသူအမျိုးသားက - Bibi ဟာ တခြားအမျိုးသမီးတွေရှေ့မှာ တမန်တော်မိုဟာမက် ကိုစော်ကားတဲ့အသုံးအနှုန်းတွေ သုံးခဲ့တယ်ဆိုပြီး ရဲစခန်းမှာ အမှုဖွင့်ခဲ့တာဖြစ်ပါတယ်။ ၂၀၁၀ မှာ မူလတရားရုံးက သူမကို သေဒဏ်ချမှတ်ခဲ့ပြီး၊ အယူခံတလျှောက်မှာလည်း သူမကို အကျဉ်းချထားတာဖြစ်ပါတယ်။ သူမကို လွှတ်ပေးဖို့ကိစ္စရွှေ့ဆိုင်းလိုက်ပေမယ့်လည်း၊ ဆင်းရဲသားတွေ၊ လူနည်းစုဝင်တွေနဲ့ အောက်ခြေလူတန်းစားတွေအနေနဲ့ ဒီနိုင်ငံမှာ တရားမျှတမှုကို ရနိုင်တယ်ဆိုတာ ဒီဆုံးဖြတ်ချက်က ပြသခဲ့တယ်လို့ အာရှာဘီဘီရဲ့ ရှေ့နေက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG