သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပါကစ္စတန် တာလီဘန် အသေခံဗုံး ၂၀ ကျော်သေ


ပါကစ္စတန် တာလီဘန် အသေခံဗုံး ၂၀ ကျော်သေ

ပါကစ္စတန်နိုင်ငံမှာ အသေခံ ဗုံးခွဲသမားတွေက နိုင်ငံရဲ့ အနောက်တောင်ဘက် ကွပ်တားမြို့ (Quetta) မှာရှိတဲ့ ထိပ်တန်း လုံခြုံရေး အရာရှိတဦးရဲ့ အိမ်ကို ဗုဒ္ဓဟူးနေ့က တိုက်ခိုက်ခဲ့ရာမှာ အရာရှိကြီးရဲ့ဇနီး အပါအ၀င် အနည်းဆုံး လူ ၂၂ ဦး သေဆုံးသွားတယ်လို့ သိရပါတယ်။

ဖောက်ခွဲမှုကို အသေခံ ဗုံးခွဲသမား ၂ ယောက်က ပြုလုပ်ခဲ့တာဖြစ်ပြီး ဒီတိုက်ခိုက်မှုကို ပါကစ္စတန်မှာရှိတဲ့ တာလီဘန်တွေက သူတို့ပြုလုပ်တာ ဖြစ်တဲ့အကြောင်း ပြောဆိုလိုက်ပါတယ်။

ပထမဦးဆုံး တိုက်ခိုက်သူ တယောက်က ဘာလူချီစတန်မြို့မှာရှိတဲ့ ပါကစ္စတန် နယ်ခြားစောင့်တပ်ဖွဲ့ အကြီးအကဲ အိမ်ရှေ့မှာ သူမောင်းနှင်လာတဲ့ ကားကို ဖောက်ခွဲလိုက်တာ ဖြစ်ပါတယ်။ အဲဒီဖောက်ခွဲမှု ဖြစ်ပြီးတဲ့နောက် ခြေလျှင်လာသူ နောက်တဦးက အိမ်ထဲကို ပြေးဝင်ပြီး သူနဲ့ပါလာတဲ့ ဗုံးကို ခွဲလိုက်တာပါ။ အိမ်ဟာ ဆိုးဆိုးရွားရွား ပျက်စီးသွားတဲ့အပြင် ထိခိုက်ဒဏ်ရာရသူ အရေအတွက် ၆၀ ကျော် ရှိတယ်လို့ သိရပါတယ်။

အဲဒီအရပ်မှာ တာလီဘန် စစ်သွေးကြွတွေနဲ့ အမျိုးသား ခွဲထွက်ရေးသမားတွေ လှုပ်ရှားနေတာ ဖြစ်ပါတယ်။

ပါကစ္စတန် နယ်ခြားစောင့်တပ်ဖွဲ့ဟာ တိုင်းပြည်ရဲ့ အနောက်မြောက် အရပ်မှာရှိတဲ့ အာဖဂန်နယ်စပ်က တာလီဘန်တွေကို တိုက်ခိုက်ရာမှာ တော်တော်တက်ကြွတဲ့အဖွဲ့ ဖြစ်တယ်လို့ သိရပါတယ်။

XS
SM
MD
LG