သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပါကစ္စတန် အသေခံဗုံးခွဲမှု လူ (၄၀) ကျော် သေဆုံး


ပါကစ္စတန်အနောက်မြောက်ပိုင်း Bajaur မြို့ နိုင်ငံရေးစုဝေးပွဲတခုအတွင်း အသေခံဗုံးခွဲတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရာသူတွေကို အရေးပေါ်ကယ်ဆယ်ရေးကားနဲ့ ဆေးရုံကိုပို့ပေးနေစဥ်။ (ဇူလိုင် ၃၁၊ ၂၀၂၃)
ပါကစ္စတန်အနောက်မြောက်ပိုင်း Bajaur မြို့ နိုင်ငံရေးစုဝေးပွဲတခုအတွင်း အသေခံဗုံးခွဲတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရာသူတွေကို အရေးပေါ်ကယ်ဆယ်ရေးကားနဲ့ ဆေးရုံကိုပို့ပေးနေစဥ်။ (ဇူလိုင် ၃၁၊ ၂၀၂၃)

ပါကစ္စတန် အသေခံဗုံးခွဲမှု လူ (၄၀) ကျော် သေဆုံး

တနင်္ဂနွေနေ့ကလုပ်တဲ့ ပါကစ္စတန်အနောက်မြောက်ပိုင်း Khyber Pakhtunkhwa ပြည်နယ်က နိုင်ငံရေးစုဝေးပွဲတခုမှာ အသေခံဗုံးခွဲတိုက်ခိုက်မှုတခုကြောင့် လူ ၄၀ ထက်မနည်းသေဆုံးပြီး လူ ၁၃၀ ကျော်ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

အဲဒီမှာ ဆိုးဆိုးဝါးဝါးထိခိုက်ဒဏ်ရာရသူတွေကို စစ်ရဟတ်ယာဉ်တွေသုံးပြီး အရေးပေါ် သယ်ပို့ပေးခဲ့ပါတယ်။ စစ်သားတွေနဲ့ ကယ်ဆယ်ရေးလုပ်သားတွေဟာ ထိခိုက်ဒဏ်ရာရသူတွေကို လူနာတင်ကတ်တွေနဲ့ ရဟတ်ယာဉ်ပေါ်တင်ပေးခဲ့ကြပြီး အနီးကပြည်နယ်မြို့တော် Peshawar မှာရှိတဲ့ ဆေးရုံးတွေကို ခေါ်ဆောင်သွားကြပါတယ်။

သဘောထားပြင်းထန်တဲ့ အစ္စလာမ်နိုင်ငံရေးနဲ့ဆက်နွယ်တယ်လို့ လူသိများတဲ့ ရှေးရိုးစွဲဝါဒီ Jamiat Ulema Islam-Fazl ပါတီရဲ့ နိုင်ငံရေးပွဲတခုမှာ အခုလို ပေါက်ကွဲမှုဖြစ်တာပါ။ ပေါက်ကွဲမှုဟာ အသေခံဗုံးခွဲတိုက်ခိုက်မှုကြောင့်ဖြစ်တယ် လို့ ပြည်နယ်ရဲချုပ် Akhtar Hayat က ရိုက်တာသတင်းကိုပြောပါတယ်။ အခင်းဖြစ်တဲ့ အာဖဂန်နဲ့နယ်ချင်းစပ် Bajaur ဒေသနဲ့အနီးတဝိုက်က ဆေးရုံတွေကို ဒဏ်ရာရသူတွေကို ခေါ်ဆောင်သွားပြီး အဲဒီဆေးရုံတွေမှာ အရေးပေါ် အခြေအနေသတ်မှတ်ထားတယ်လို့ ခရိုင်ရဲအရာရှိ Nazir Khan က ပြောပါတယ်။

နိုင်ငံရေးပွဲကျင်းပရာစင်မြင့်အနားမှာ အသေခံတိုက်ခိုက်သူက ဖောက်ခွဲတိုက်ခိုက်ခဲ့တာဖြစ်ကြောင်း ဒေသခံရဲအရာရှိတွေက ပြောတယ်လို့ CNN သတင်းမှာဖော်ပြပါတယ်။ တိုက်ခိုက်မှုဟာ ဘယ်သူလက်ချက်လဲဆိုတာ မသိရသေးပါဘူး။ ဒါပေမယ့်လည်း ဒေသတွင်းမှာရှိတဲ့ ISIS ဌာနခွဲဟာ အခု ပွဲလုပ်တဲ့နိုင်ငံရေးပါတီခေါင်းဆောင်‌တွေကို အယူအဆစွန့်ခွာသွားသူ လက်နက်ချတွေဆိုပြီး သတ်မှတ်ပြောဆိုမှုရှိခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG