သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပါကစ္စတန် မှုခင်းရုံး ဗုံးကွဲ၊ ၁၈ ဦးသေ


ပါကစ္စတန် မှုခင်းရုံး ဗုံးကွဲ၊ ၁၈ ဦးသေ

ပါကစ္စတန်နိုင်ငံ တောင်ပိုင်းက ဆိပ်ကမ်းမြို့ဖြစ်တဲ့ ကရာချိမြို့က ရဲတပ်ဖွဲ့ အဆောက်အဦးကို သေနတ်တွေ ကုန်ကားတစင်းမှာ ဗုံးထောင်ပြီး တိုက်ခိုက်ခဲ့မှုကြောင့် လူပေါင်း ၁၈ ဦးထက်မနည်း သေဆုံးပြီး ၁၁၅ ယောက်ကျော် ထိခိုက်ဒဏ်ရာတွေ ရခဲ့ကြပါတယ်။

ရာဇ၀တ်မှု စုံစမ်းစစ်ဆေးရေးဌာန (CID) ရုံးချုပ်ကို ဖောက်ခွဲ တိုက်ခိုက်မှုတွေ မလုပ်ခင် စစ်သွေးကြွတွေက ရဲတွေကို သေနတ်နဲ့ ပစ်ခတ်ခဲ့ကြတယ်လို့လည်း လုံခြုံရေး အာဏာပိုင်တွေက ပြောပါတယ်။

ပေါက်ကွဲမှုကြောင့် လုံခြုံရေးတွေ တင်းတင်းကျပ်ကျပ် ချထားတဲ့ နယ်မြေထဲမှာရှိတဲ့ ရဲတပ်ဖွဲ့ အဆောက်အဦးရဲ့ အစိတ်အပိုင်း အတော်များများ ပျက်စီးသွားခဲ့ပြီး အနီးအနားက အဆောက်အဦးတွေလည်း ထိခိုက်ခဲ့သလို လမ်းပေါ်မှာလည်း တွင်းကြီးတတွင်း ဖြစ်သွားခဲ့တာပါ။

ပါကစ္စတန်နိုင်ငံက တာလီဘန်တွေကတော့ တိုက်ခိုက်မှုဟာ သူတို့လက်ချက် ဖြစ်တယ်လို့ ပြောခဲ့ကြပါတယ်။

ပါကစ္စတန်နိုင်ငံက အကြီးဆုံးမြို့ဖြစ်တဲ့ ကရာချိမြို့က တိုက်ခိုက်ခံခဲ့ရတဲ့ CID ဌာနချုပ်ဟာဆိုရင် အကြမ်းဖက်သမားတွေကို လိုက်လံချေမှုန်းရာမှာ ဦးဆောင်နေပြီး ရာဇ၀တ်သားတွေကို ဖမ်းဆီးထိန်းသိမ်းရာ နေရာတခုလည်း ဖြစ်ပါတယ်။

ပါကစ္စတန် သမ္မတ အဆစ်ဖ် အလီ ဇာဒါရီ (Asif Ali Zardari) နဲ့ ၀န်ကြီးချုပ် ယူဆွတ်ဖ် ရာဇာ ဂီလာနီ (Yousuf Raza Gilani) တို့ကတော့ တိုက်ခိုက်မှုကို ရှုတ်ချခဲ့ကြပြီး အကြမ်းဖက်ဝါဒကို အစိုးရက တိုက်ဖျက်နေတာတွေကို ဒီလို တိုက်ခိုက်မှုတွေက ဟန့်တားနိုင်မှာ မဟုတ်ဘူးလို့လည်း ပြောဆိုခဲ့ကြပါတယ်။

XS
SM
MD
LG