သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပါကစ္စတန်ဗုံး လူ ၄၀ ကျော် သေဆုံး


ပါကစ္စတန်ဗုံး လူ ၄၀ ကျော် သေဆုံး
ပါကစ္စတန်ဗုံး လူ ၄၀ ကျော် သေဆုံး

စနေနေ့က ပါကစ္စတန် အနောက်မြောက်ပိုင်းမှာဖြစ်ပွားခဲ့တဲ့ အသေခံဗုံးခွဲ တိုက်ခိုက်မှုကြောင့် လူပေါင်း ၄၃ ယောက် သေဆုံးခဲ့ပြီး ကလေးငယ်တွေ အပါအဝင် အနည်းဆုံး လူ ၁၀၀ လောက် ဒဏ်ရာရခဲ့တယ်လို့ ပါကစ္စတန်နိုင်ငံ Bajur ဒေသက အစိုးရအရာရှိတွေက ဆိုပါတယ်။

လူမျိုးစုဒေသမှာ ပဋိပက္ခတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူတွေကို ကုလသမဂ္ဂ စားနပ်ရိက္ခာအဖွဲ့က အစားအစာ ဝေငှပေးတဲ့နေရာမှာ အဲဒီတိုက်ခိုက်မှု ဖြစ်ပွားခဲ့တယ်လို့ ရဲတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။ ဗုံးခွဲသူဟာ Burqa လို့ခေါ်တဲ့ ခေါင်းမြီးခြုံအဝတ်အစားကို ဝတ်ဆင်ထားပြီး အမျိုးသားအမျိုးသမီး ဘယ်သူဖြစ်တယ်ဆိုတာ မသေချာဘူးလို့ ဆိုပါတယ်။

တိုက်ခိုက်မှုဖြစ်ပွားခဲ့တဲ့ နေရာဒေသတွေဟာ အာဖဂန်နစ္စတန်နယ်စပ်မှာ ရှိပြီး အမေရိကန်အစိုးရ အရာရှိတွေရဲ့ အပြောအရ တာလီဘန်နဲ့ လက်နက်ကိုင်တွေ အတွက် လုံခြုံစိတ်ချရတဲ့ နယ်မြေထဲမှာ ရှိတယ်လို့ ဆိုပါတယ်။

အဲဒီအသေခံဗုံးခွဲမှု မဖြစ်ခင်တနေ့ကတော့ စစ်သား ၁၁ ယောက်နဲ့ လက်နက်ကိုင် ၂၄ ယောက် သေဆုံးစေခဲ့တဲ့ မိုမန် (Mohmand) မျိုးနွယ်ဒေသ စစ်ဆေးရေးစခန်း ၅ ခုကို လက်နက်ကိုင် ၁၅၀ က ဝင်ရောက်တိုက်ခိုက်မှုတခု ဖြစ်ပွားခဲ့ပါသေးတယ်။

XS
SM
MD
LG