သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပါကစ္စတန်မှာ ယာဉ်မောင်းအိပ်ငိုက်လို့ ခရီးသည် ၃၂ ယောက် သေဆုံး


ပါကစ္စတန်မှာ ယာဉ်မောင်းအိပ်ငိုက်လို့ ခရီးသည် ၃၂ ယောက် သေဆုံး

ပါကစ္စတန်နိုင်ငံ တောင်ပိုင်းမှာ ဘတ်စ်ကားတစင်းနဲ့ လောင်စာတင် ထရပ်ကား တစင်းတို့ တိုက်မိပြီး မီးဟုန်းဟုန်း တောက်လောင်ခဲ့လို့ လူ ၃၂ ဦး သေဆုံးကာ ၉ ဦးကျော် ဒဏ်ရာရရှိသွားပါတယ်။

တနင်္ဂနွေ အစောပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ ဒီ မော်တော်ယာဉ် တိုက်မိမှုမှာ သေဆုံးသွားကြသူတွေထဲ အမျိုးသမီးနဲ့ ကလေးတွေလည်း ပါဝင်ကြပါတယ်။

ဘတ်စ်ကားယာဉ်မောင်းဟာ ကားမောင်းရင်း အိပ်ငိုက်သွားပြီး ဘတ်စ်ကားကို ဆက်ပြီး မထိန်းချုပ်နိုင်တော့ဘဲ ဖြစ်သွားတာလို့ AP သတင်းတပုဒ်မှာ ပြောထားပါတယ်။

ခရီးသည်တွေက ဒီလိုအဖြစ်မျိုးနဲ့ မကြုံရအောင် လမ်းမှာရပ်ပြီး အနားယူဖို့ ယာဉ်မောင်းကို နှစ်ခါတောင် ဝိုင်းပြောခဲ့ကြတယ်လို့ အသက်မသေဘဲ ကျန်ရစ်သူတွေက အာဏာပိုင်တွေကို ပြောပြကြပါတယ်။

ပါကစ္စတန်နိုင်ငံမှာ လမ်းတွေဆိုးတာ၊ ကားတွေကို သေချာမပြုပြင် မထိန်းသိမ်းတာတွေနဲ့ စည်းမဲ့ကမ်းမဲ့ မောင်းနှင်မှုတွေကြောင့် ကမ္ဘာမှာ အဆိုးရွားဆုံး ယာဉ်တိုက်မှုတွေ ပါကစ္စတန်နိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ သာဓကတွေ ရှိထားပါတယ်။

XS
SM
MD
LG