သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပါကစ္စတန်ကားဗုံးခွဲမှု လူ ၃၇ ဦးသေဆုံး


ကားဗုံးခွဲလို့ သေဆုံးသွားသူတယောက်ရဲ့ ဆွေမျိုးသားချင်းတွေကို တွေ့ရစဉ်။ (စက်တင်ဘာလ ၂၉၊ ၂၀၁၃)
ကားဗုံးခွဲလို့ သေဆုံးသွားသူတယောက်ရဲ့ ဆွေမျိုးသားချင်းတွေကို တွေ့ရစဉ်။ (စက်တင်ဘာလ ၂၉၊ ၂၀၁၃)
ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်း Peshawar မြို့လယ်မှာ မနေ့ တနင်္ဂနွေနေ့က အဝေးထိန်းခလုတ် အသုံးပြုပြီး ကားဗုံးခွဲတာကြောင့် လူ ၃၇ ဦးထက်မနည်း သေဆုံးပြီး ၇၅ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ အခု ဖြစ်ရပ်ဟာဆိုရင် တပတ်အတွင်း အဲဒီမြို့မှာ သုံးကြိမ်မြောက် ဗုံးကွဲမှုဖြစ်ပါတယ်။

Pashawar မြို့မှာရှိတဲ့ မွတ်ဆလင်ဗလီတလုံးနဲ့ ရဲစခန်းတခုအနီးမှာရှိတဲ့ ဈေးကြီးတခုအနား မနက်ခင်း လူစည်ကားနေတဲ့အချိန်အတွင်းမှာ အခုလို အကြမ်းဖက်တိုက်ခိုက်ခံရမှုကြုံရတာကြောင့် အပျက်အစီး အထိအခိုက် ကြီးမားခဲ့ရတာပါ။ အခု တိုက်ခိုက်မှုဟာ All Saints Church ခရစ်ယာန်ဘုရားကျောင်းနဲ့ သိပ်မဝေးတဲ့ နေရမှာဖြစ်ခဲ့တာပါ။

အဲဒီနေရာမှာတော့ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့တုန်းကပဲ ဘုရားဝတ်ပြုသူတွေနဲ့ စည်ကားနေတဲ့အချိန် အသေခံ ဗုံးခွဲတိုက်ခိုက်မှုကြောင့် လူနည်းစု ခရစ်ယာန်ဘာသာဝင် ၈၅ ဦး သေဆုံးခဲ့ရပါတယ်။ အဲဒီ သေဆုံးတဲ့အထဲ တဝက်နီးပါးဟာ အမျိုးသမီးတွေနဲ့ ကလေးငယ်တွေဖြစ်ကြပါတယ်။

Peshawar မြို့စွန်မှာ ပြီးခဲ့တဲ့ သောကြာနေ့တုန်းကတော့ အစိုးရဝန်ထမ်းတွေ တင်ဆောင်လာတဲ့ ဘတ်စ်ကားတစင်းကို ဗုံးနဲ့တိုက်ခိုက်မှုကြောင့် လူ ၁၉ ဦး သေဆုံးခဲ့ပါတယ်။ အခုနောက်ဆုံး ဈေးနားမှာဖြစ်တဲ့ ဗုံးခွဲတိုက်ခိုက်မှုမှာတာ့ ဘယ်သူ လက်ချက်မှန်း မသိသေးပါဘူး။ ပြီးခဲ့တဲ့ ခရစ်ယာန်ဘုရား ရှိခိုးကျောင်း တိုက်ခိုက်မှုကိုတော့ ဆိုနီစစ်သွေးကြွအုပ်စုဖြစ်တဲ့ Jundullah က သူတို့ လုပ်တာဆိုပြီး ပြောပါတယ်။

အမေရိကန်ဘက်က အဝေးထိန်း ဒုံးလက်နက်နဲ့ တိုက်ခိုက်လို့ သေဆုံးရတဲ့ မွတ်ဆလင်တွေအတွက် လက်စားချေဖို့ ခရစ်ယာန်ဘာသာဝင်တွေကို ပစ်မှတ်ထားတိုက်ခိုက်တာလို့ ပြောခဲ့ပါတယ်။
XS
SM
MD
LG