သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပါကစ္စတန် ရေတပ်စခန်း တည်ဆောက်ရေး တရုတ် မသိကြောင်း ငြင်းဆန်

ပါကစ္စတန် ရေတပ်စခန်း တည်ဆောက်ရေး တရုတ် မသိကြောင်း ငြင်းဆန်
ပါကစ္စတန် ရေတပ်စခန်း တည်ဆောက်ရေး တရုတ် မသိကြောင်း ငြင်းဆန်

ရေတပ်အခြေစိုက်စခန်း ဆောက်ဖို့ ပါကစ္စတန်နိုင်ငံက ဖိတ်ခေါ်ထားတယ်လို့ သတင်းတွေမှာ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေတဲ့ ကိစ္စကို သူတို့ မသိဘူးလို့ တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနက အင်္ဂါနေ့မှာ ပြောပါတယ်။

ပါကစ္စတန် ဝန်ကြီးချုပ် ယူဆွတ်ဖ် ရာဇာ ဂီလာနီ (Yousuf Raza Gilani) ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း တရုတ်ပြည်ကို သွားခဲ့တဲ့ အဆင့်မြင့် ခရီးစဉ်အတွင်း ဒီဖိတ်ခေါ်မှုကို ပြုလုပ်ခဲ့တာလို့ ပါကစ္စတန် ကာကွယ်ရေးဝန်ကြီး အာမက် မုခ်တာ (Ahmad Mukhtar) စနေနေ့က ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ ဖော်ပြထားတာပါ။

ဒါပေမဲ့ အဲဒီလို စီမံကိန်းမျိုး ရှိခဲ့တယ်ဆိုတာ သူ မသိဘူးလို့ တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဂျန်းယု (Jiang Yu) က သတင်းစာရှင်းလင်းပွဲ အတွင်းမှာ ပြောပါတယ်။ သူမ သိသလောက်တော့ ပါကစ္စတန် ဝန်ကြီးချုပ်ရဲ့ ခရီးစဉ်အတွင်း အဲဒီကိစ္စကို ဆွေးနွေးတာမျိုး မရှိဘူးလို့ ဂျန်းယုက ပြောပါတယ်။

လက်ရှိ စင်ကာပူနိုင်ငံနဲ့ ရှိနေတဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတာနဲ့ ဂွာဒါ (Gwada) မှာရှိတဲ့ ရေနက်ပိုင်း ဆိပ်ကမ်းမှာ တရုတ်နိုင်ငံက ပြောင်းလဲလုပ်ဆောင်ဖို့ သဘောတူခဲ့တယ်လို့ ပါကစ္စတန် ကာကွယ်ရေးဝန်ကြီး မုခ်တာရဲ့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။ အဲဒီဆိပ်ကမ်းမှာ တရုတ်က ရေတပ်အခြေစိုက်စခန်း တည်ဆောက်မယ်ဆိုရင် ပါကစ္စတန်နိုင်ငံ အနေနဲ့ ပိုပြီး ကျေနပ်အားရမိမယ်လို့လည်း ကာကွယ်ရေး ဝန်ကြီးရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

This item is part of
XS
SM
MD
LG