သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပါကစ္စတန်ဝန်ကြီးချုပ် အဂတိလိုက်စားမှုကြောင့် ရာထူးနဲ့ မထိုက်တန်ဟု ဗဟိုတရားရုံးဆုံးဖြတ်


ပါကစ္စတန်နိုင်ငံ ဝန်ကြီးချုပ် Nawaz Sharif ဟာ ဝန်ကြီးချုပ်တာဝန်ကိုထမ်းဆောင်ဖို့ မသင့်တော်တော့တဲ့အတွက် ရာထူးကနေချက်ချင်းဆင်းပေးဖို့ နိုင်ငံတော်တရားရုံးချုပ်က အမိန့်ချမှတ်လိုက်ပါတယ်။

ရာထူးတာဝန်ကနေဆင်းပေးဖို့ တရားရုံးက ဆုံးဖြတ်ချက်လိုက်ပြီး မကြာခင်အတွင်းမှာပဲ တရားရုံးရဲ့ဆုံးဖြတ်ချက်ကို မစ္စတာ Sharif က လက်ခံခဲ့တယ်လို့ ဝန်ကြီးချုပ်ရုံး ပြောခွင့်ရသူက ကြေညာခဲ့ပါတယ်။

တရားရုံးရဲ့ ဆုံးဖြတ်ချက်ထဲမှာ - မစ္စတာ Sharif ဟာ ၂၀၁၃ ခုနှစ် ရွေးကောက်ပွဲအတွက် သူ့ကို အဆိုပြုတင်သွင်းတဲ့စာရွက်စာတမ်းတွေထဲမှာ သူနိုင်ငံခြားမှာ တခါမှမထုတ်ပဲသိမ်းထားခဲ့တဲ့ သူ့ရဲ့ပိုင်ဆိုင်မှုတွေကို စာရင်းပြဖို့ပျက်ကွက်ခြင်း၊ ကျမ်းသစ္စာကျိန်ဆိုတုံးက မမှန်မကန်ထွက်ဆိုခဲ့ပြီး၊ ရိုးသားမှုမရှိတာကြောင့် လွှတ်တော်အမတ်တဦးဖြစ်ဖို့ အရည်အချင်းမပြည့်မှီဘူးလို့ပြောပါတယ်။

ဒီမိုကရေစီနည်းကျလုပ်ငန်းဆောင်ရွက်တဲ့အနေနဲ့ ပါကစ္စတန်နိုင်ငံရဲ့ သမ္မတက ဖွဲ့စည်းပုံအခြေခံဥပဒေပါ အချက်အလက်တွေအတိုင်း လိုက်နာဆောင်ရွက်ဖို့လိုအပ်တယ်လို့လည်း တရားရုံးကပြောပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေအရ မစ္စတာ Sharif ရဲ့ အစိုးရ cabinet အဖွဲ့ကိုဖျက်သိမ်းပြီး ဝန်ကြီးချုပ်သစ်ကိုရွေးချယ်ဖို့ ပါကစ္စတန် သမ္မတကို အောက်လွှတ်တော်ကအဆိုပြုတောင်းဆိုရမှာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG