(Zawgyi / Unicode)
ပါကစၥတန္ႏုိင္ငံ လက္ရွိ စစ္ဦးစီးခ်ဳပ္ Qamar Javed Bajwa ရဲ႕ ရာထူးသက္တမ္းကို ၃ ႏွစ္အထိ ထပ္တိုးဖို႔ အစိုးရရဲ႕ အဆိုျပဳခ်က္ကို ပါကစၥတန္ တရား႐ုံးခ်ဳပ္က ဆန္႔က်င္ၿပီး ၆ လအထိပဲ တိုးဖို႔ ကန္႔သတ္လိုက္ပါတယ္။
ဒီကာလအတြင္း အစိုးရအေနနဲ႔ ဒီရာထူးအတြက္ သက္တမ္းတိုးခြင့္ရွိမရွိနဲ႔ ရာထူးသက္တမ္း ဘယ္ေလာက္ရွိရမယ္ ဆုိတာေတြကို ဥပေဒပိုင္းအရ ျပင္ဆင္ဖို႔ တရား႐ုံးခ်ဳပ္က ေျပာပါတယ္။
ဖြဲ႔စည္းပံုအေျခခံဥပေဒအရ စစ္ဦးစီးခ်ဳပ္ရာထူးကို တိုးေပးႏုိင္သလား၊ အၿငိမ္းစားကာလကို ကန္႔သတ္ႏုိင္သလား၊ ဆိုင္းငံ့ႏုိင္သလား တိတိက်က် ျပ႒ာန္္းခ်က္ မေတြ႔ဘူးလို႔ တရား႐ုံးက ထုတ္ျပန္တဲ့ အမိန္႔စာမွာ ေဖာ္ျပထားပါတယ္။
ဥပေဒအသစ္တရပ္ ျပ႒ာန္းၿပီးရင္ေတာ့ စစ္ဦးစီးခ်ဳပ္ Bajwa ရဲ႕ ရာထူးသက္တမ္းနဲ႔ ေဆာင္ရြက္ရမယ့္ လုပ္ငန္းတာ၀န္ေတြနဲ႔ ပတ္သက္ၿပီး အဆံုးအျဖတ္ ေပးႏုိင္မယ္လို႔ တရား႐ုံးခ်ဳပ္က ေျပာပါတယ္။
လက္ရွိစစ္ဦးစီးခ်ဳပ္ Bajwa ရဲ႕ ရာထူးသက္တမ္းကို ၆ လသာ တိုးဖို႔ကို တရား႐ုံးက အဂၤါေန႔က ဆံုးျဖတ္ခဲ့တာပါ။
ႏွစ္ေပါင္းမ်ားစြာ အုပ္ခ်ဳပ္လာခဲ့တဲ့ စစ္တပ္ကို ျပည္တြင္းႏုိင္ငံေရးမွာ အင္အားအေကာင္းဆံုးလို႔ လက္ခံထားတဲ့ ပါကစၥတန္ ျပည္သူေတြကေတာ့ တရား႐ုံး ဆံုးျဖတ္ခ်က္အေပၚ အံ့အားသင့္ခဲ့ၾကပါတယ္။
အရင္ကလည္း စစ္ဦးစီးခ်ဳပ္ေတြဟာ ရာထူးသက္တမ္း အဆက္ဆက္တိုးၿပီး တာ၀န္ထမ္းခဲ့ၾကတာပါ။ စစ္ဦးစီးခ်ဳပ္ေဟာင္း Raheel Sharif တဦးသာ ရာထူးသက္တမ္း ၃ ႏွစ္အၿပီး တာ၀န္က ရပ္စဲခံခဲ့ရဖူးပါတယ္။
------------------------------------
(Unicode)
ပါကစ္စတန် စစ်ဦးစီးချုပ် ရာထူးသက်တမ်း ၆ လထက် ပိုမတိုးရ
ပါကစ္စတန်နိုင်ငံ လက်ရှိ စစ်ဦးစီးချုပ် Qamar Javed Bajwa ရဲ့ ရာထူးသက်တမ်းကို ၃ နှစ်အထိ ထပ်တိုးဖို့ အစိုးရရဲ့ အဆိုပြုချက်ကို ပါကစ္စတန် တရားရုံးချုပ်က ဆန့်ကျင်ပြီး ၆ လအထိပဲ တိုးဖို့ ကန့်သတ်လိုက်ပါတယ်။
ဒီကာလအတွင်း အစိုးရအနေနဲ့ ဒီရာထူးအတွက် သက်တမ်းတိုးခွင့်ရှိမရှိနဲ့ ရာထူးသက်တမ်း ဘယ်လောက်ရှိရမယ် ဆိုတာတွေကို ဥပဒေပိုင်းအရ ပြင်ဆင်ဖို့ တရားရုံးချုပ်က ပြောပါတယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေအရ စစ်ဦးစီးချုပ်ရာထူးကို တိုးပေးနိုင်သလား၊ အငြိမ်းစားကာလကို ကန့်သတ်နိုင်သလား၊ ဆိုင်းငံ့နိုင်သလား တိတိကျကျ ပြဋ္ဌာန်းချက် မတွေ့ဘူးလို့ တရားရုံးက ထုတ်ပြန်တဲ့ အမိန့်စာမှာ ဖော်ပြထားပါတယ်။
ဥပဒေအသစ်တရပ် ပြဋ္ဌာန်းပြီးရင်တော့ စစ်ဦးစီးချုပ် Bajwa ရဲ့ ရာထူးသက်တမ်းနဲ့ ဆောင်ရွက်ရမယ့် လုပ်ငန်းတာဝန်တွေနဲ့ ပတ်သက်ပြီး အဆုံးအဖြတ် ပေးနိုင်မယ်လို့ တရားရုံးချုပ်က ပြောပါတယ်။
လက်ရှိစစ်ဦးစီးချုပ် Bajwa ရဲ့ ရာထူးသက်တမ်းကို ၆ လသာ တိုးဖို့ကို တရားရုံးက အင်္ဂါနေ့က ဆုံးဖြတ်ခဲ့တာပါ။
နှစ်ပေါင်းများစွာ အုပ်ချုပ်လာခဲ့တဲ့ စစ်တပ်ကို ပြည်တွင်းနိုင်ငံရေးမှာ အင်အားအကောင်းဆုံးလို့ လက်ခံထားတဲ့ ပါကစ္စတန် ပြည်သူတွေကတော့ တရားရုံး ဆုံးဖြတ်ချက်အပေါ် အံ့အားသင့်ခဲ့ကြပါတယ်။
အရင်ကလည်း စစ်ဦးစီးချုပ်တွေဟာ ရာထူးသက်တမ်း အဆက်ဆက်တိုးပြီး တာဝန်ထမ်းခဲ့ကြတာပါ။ စစ်ဦးစီးချုပ်ဟောင်း Raheel Sharif တဦးသာ ရာထူးသက်တမ်း ၃ နှစ်အပြီး တာဝန်က ရပ်စဲခံခဲ့ရဖူးပါတယ်။