သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တာလီဘန် ခေါင်းဆောင် သေဆုံးမှု ပါကစ္စတန်က အမေရိကန်ကို ဝေဖန်


ပါကစ္စတန်မှာ အမေရိကန်ရဲ့ မောင်းသူမဲ့ Drone ယာဉ်နဲ့ တိုက်ခိုက်မှုကြောင့် တာလီဘန်ခေါင်းဆောင် Hakimullah Mehsud သေဆုံးခဲ့မှုအပေါ် ပြင်းပြင်းထန်ထန်ကန့်ကွက်ဖို့ အမေရိကန်သံအမတ်ကြီးကို ပါကစ္စတန်က ဆင့်ခေါ်ထားပါတယ်။

ဆယ်စုနှစ်နဲ့ချီ ရှိနေပြီဖြစ်တဲ့ တာလီဘန်တို့ရဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေ ငြိမ်းငြိမ်းချမ်းချမ်း အဆုံးသတ်စေအောင် ပါကစ္စတန်အစိုးရရဲ့ အားထုတ်မှုတွေကို Drone ယာဉ်နဲ့ တိုက်ခိုက်မှုက ဖျက်ဆီးပစ်လိုက်တယ်လို့ ပါကစ္စတန် ပြည်ထဲရေး ဝန်ကြီး Chaudhry Nisar Ali Khan ကစနေနေ့က ပြောခဲ့ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ ပါကစ္စတန်အစိုးရဘက်က လက်တုံ့ပြန်ဆောင်ရွက်မှုတချို့ လုပ်ခဲ့တယ်လို့လည်း ပြည်ထဲရေးဝန်ကြီး Khan က ပြောပေမဲ့ အဲဒီ ဆောင်ရွက်ချက်တွေထဲမှာ အာဖဂန်နစ္စတန်ထဲက အမေရိကန် ဦးဆောင်တဲ့တပ်တွေအတွက် ထောက်ပို့ရေးယာဉ်တွေ ပါကစ္စတန်ကနေ
ဖြတ်သန်းခွင့် ပိတ်တာ ပါ မပါဆိုတာကိုတော့ သူက မပြောပါဘူး။

Khyber-Pakhtunkhwa ပြည်နယ်ကို ဖြတ်သွားပြီး အာဖဂန်နစ္စတန်နိုင်ငံ နယ်စပ်ဆီသွားတဲ့ NATO တပ်ဖွဲ့ ထောက်ပို့ရေးလမ်းကြောင်းကို ပိတ်ပစ်မယ်လို့ Cricket ကစားသမားကနေ နိုင်ငံရေးသမားဖြစ်လာတဲ့ Imran Khan ကလည်း အစောပိုင်းတုန်းက ပြောပါတယ်။

Khan ရဲ့နိုင်ငံရေးပါတီအုပ်ချုပ်တဲ့ အဲဒီပြည်နယ်ဟာ နေတိုးတပ်တွေရဲ့ ထောက်ပံ့ရေးပစ္စည်းတွေကို အာဖဂန်နစ္စတန်နိုင်ငံထဲ အပို့အယူလုပ်ဖို့ အဓိက အသုံးပြုလမ်းကြောင်းဖြစ်ပါတယ်။

မြောက် Waziristan မှာရှိတဲ့ Mehsud ရဲ့နေအိမ်ဝန်းအပေါ် သောကြာနေ့က Drone missile ဒုံး ထိမှန်ချိန်မှာ သူနဲ့ဆွေးနွေးဖို့ အစိုးရ ကိုယ်စားလှယ်အဖွဲ့ သွားနေချိန်ဖြစ်တယ်လို့ ပါကစ္စတန် ပြည်ထဲရေးဝန်ကြီး Khan က ပြောပါတယ်။

တိုက်ခိုက်မှုကြောင့် တာလီဘန်ခေါင်းဆောင် Mehsud သေဆုံးသွားတယ်ဆိုတာကို ပါကက်စတန်တာဝန်ရှိသူတွေရော အမေရိကန် တာဝန်ရှိသူတွေက အတည်ပြုပါတယ်။
XS
SM
MD
LG