သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပါကစ္စတန်မှာ မိုးသည်းထန်မှုကြောင့် လူ ၃၀ ခန့်သေဆုံး


ပါကစ္စတန်နိုင်ငံမှာ မိုးသည်းထန်
ပါကစ္စတန်နိုင်ငံမှာ မိုးသည်းထန်

ပါကစ္စတန်နိုင်ငံမှာ မိုးသည်းထန်မှုကြောင့် လွန်ခဲ့တဲ့ ၄၈ နာရီအတွင်း ၂၉ ဦးထက်မနည်း သေဆုံးပြီး၊ ၅၀ လောက် ဒဏ်ရာရခဲ့ကြောင်း အာဏာပိုင်တွေ ဒီကနေ့ပဲ အတည်ပြုလိုက်ပါတယ်။

နိုင်ငံအနောက်မြောက်ဖက် ဒေသမှာ ထိခိုက်မှု အများဆုံးကြုံခဲ့ရပြီး နေအိမ်အများအပြားထိခိုက်ပျက်စီးခဲ့သလို၊ မြေပြိုမှုတွေကြောင့် လမ်းတွေလည်း ပိတ်ဆို့နေပါတယ်။ ပါကစ္စတန်နိုင်ငံမှာ ဆီးနှင်းတွေ အပြင်းအထန် ကျဆင်းနေချိန်မှာပဲ မိုးသည်းထန်မှုနဲ့ပါ ကြုံခဲ့ရတာပါ။ အာဖဂနစ္စတန်နိုင်ငံနဲ့နယ်စပ် Khyber Pakhtunkhwa ပြည်နယ်က နေရာတော်တော်များများမှာ ကြာသပတေးနေ့ကစ မိုးသည်းထန်မှုကြောင့် သေဆုံးသူ ၂၃ ယောက်လောက် ရှိခဲ့တယ်လို့လည်း ကပ်ဘေးဒဏ် စီမံခန့်ခွဲရေး ပြည်နယ်အာဏာပိုင်တွေက သတင်းထုတ်ပြန်ထားပါတယ်။

ပါကစ္စတန် အနောက်တောင်ပိုင်းက Baluchistan ပြည်နယ်မှာ ရေကြီးမှုကြောင့် လူ ၅ ဦး သေဆုံးခဲ့ပြီး Gwadar ကမ်းရိုးတန်းမြို့ မှာ ရေကြီးမှုကြောင့် ဒေသခံတွေကို လှေတွေနဲ့ အရေးပေါ် ဘေးလွတ်ရာ ပြောင်းရွှေ့ပေးခဲ့ရတာပါ။ ပါကစ္စတန်ပိုင် ကက်ရှ်မီးယား ဒေသမှာလည်း ရေဘေးကြောင့် သေကျေထိခိုက်မှုတွေနဲ့ ပျက်စီးမှုတွေ ရှိခဲ့ကြောင်း အစိုးရရဲ့ ကပ်ဘေးဒဏ် စီမံခန့်ခွဲရေး တာဝန်ရှိသူတွေက သီးခြားသတင်းထုတ်ပြန်ထားပါတယ်။

ရေဘေးသင့် ဒေသတွေမှာ အရေးပေါ်လုပ်ငန်းတွေ စတင်နေပြီး အဝေးပြေးလမ်းတွေမှာ ပိတ်ဆို့နေတဲ့ အပျက်အစီးတွေကို စက်ယန္တယားတွေသုံး ဖယ်ရှားနေတယ်လို့လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

Forum

XS
SM
MD
LG