သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပါကစ္စတန်ကို အမေရိကန်ထောက်ပံ့မှု ရပ်ဆိုင်းဖွယ်ရှိ

ပါကစ္စတန်ကို အမေရိကန်ထောက်ပံ့မှု ရပ်ဆိုင်းဖွယ်ရှိ
ပါကစ္စတန်ကို အမေရိကန်ထောက်ပံ့မှု ရပ်ဆိုင်းဖွယ်ရှိ

အမေရိကန် ကွန်ဂရက်အနေနဲ့ ပါကစ္စတန်ကို အကူအညီပေးနေတဲ့ ကာကွယ်ရေး အသုံးစားရိတ်တွေကို အမေရိကန်ဒေါ်လာ သန်း ၇၀၀ ရပ်ဆိုင်းပေးဖို့ ဥပဒေတခု ဒီအပတ် နောက်ပိုင်းမှာ ချမှတ်ဖို့ ရှိနေပါတယ်။

အဓိက ကတော့ ပါကစ္စတန်အစိုးရအနေနဲ့ ပြည်တွင်းလုပ် ဗုံးတွေကို နှိမ်နင်းဖို့ ထိထိရောက်ရောက် မလုပ်ခဲ့တာကို စိုးရိမ်လို့ဖြစ်တယ်လို့ ကွန်ဂရက် အမတ်တွေကို ဆိုပါတယ်။

ဒီအမေရိကန်ဥပဒေပြုအမတ်တွေက ပါကစ္စတန်နဲ့ နယ်စပ် အာဖဂန်နစ္စတန်နယ်စပ်မှာ အခြေစိုက်ထားတဲ့ စစ်သွေးကြွတွေအနေနဲ့ ပါကစ္စတန်ထုတ် မြေသြဇာကို သုံးပြီး ဖောက်ခွဲရေး ပစ္စည်းတွေ လုပ်နေတယ်လို့ စိုးရိမ်နေကြပါတယ်။

ဒီဖောက်ခွဲရေး ပစ္စည်းတွေဟာ အာဖဂန်မှာရှိတဲ့ အမေရိကန်ဦးဆောင်တဲ့ နိုင်ငံတကာ တပ်တွေကို တိုက်ခိုက်ရာမှာ အဓိက အသုံးပြု ခြိမ်းချောက်နေတာ ဖြစ်ပါတယ်။

အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရှိသူ Victoria Nuland ကတော့ အခုတင်ပြမယ့် ဘတ်ဂျက် ရပ်ဆိုင်းရေး ဥပဒေကြောင့် ပါကစ္စတန်ကို အကူအညီပေးနေတဲ့ ငွေတွေဟာ အလိုလို ပျက်တောက်သွားမှာတော့ မဟုတ်ဘူး၊ ပါကစ္စတန်ဖက်က ဒီဗုံးလုပ်တာမှာ နှိမ်နင်းမှု ရှိ မရှိ၊ တိုးတက်မှု ရှိ မရှိအပေါ် မူတည်ပြီးမှ တကယ် ဖြတ်တောက်တာ ဖြစ်နိုင်မှာပါလို့ ဆိုပါတယ်။

This item is part of
XS
SM
MD
LG