သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Al-Qaida အဓိက ကွန်ယက် တခုကို ပါကစ္စတန် ချေမှုန်း


Pakistan မှာ လုံခြုံရေးတင်းကျပ်။ (ဇန်နဝါရီ ၂၁၊ ၂၀၁၆)
Pakistan မှာ လုံခြုံရေးတင်းကျပ်။ (ဇန်နဝါရီ ၂၁၊ ၂၀၁၆)

တောင်အာရှဒေသက အယ်လ်-ကိုင်းဒါးအဖွဲ့ရဲ့ အဓိကွန်ယက် တခုကို ခြေမှုန်း လိုက်သလို အမေရိကန်သတင်းထောက် Daniel Pearl ကိုသတ်မှုမှာ ပါဝင်တဲ့ လူတယောက်ကို ထောင်ဖောက်ပြီးထုတ်ဖို့ အကြံအစည်ကိုလည်း တားဆီး လိုက်တယ်လို့ ပါကစ္စတန် က ကြေညာပါတယ်။

Musanna လို့လည်းသိကြတဲ့ Farooq Bhatti အပါအဝင် စစ်သွေးကြွ ၉၇ ယောက်ကို ဖမ်းလိုက်တယ်လို့ ပါကစ္စတန်စစ်ဘက် ပြောခွင့်ရ ဒုတိယဗိုလ်ချုပ်ကြီး Asim Bajwa ကပြောပါတယ်။ အဲဒီလူဟာ အိန္ဒိယ တိုက်ငယ် အယ်လ်-ကိုင်းဒါးအဖွဲ့ (AQIS) ရဲ့ ဒုတိယအကြီးအကဲဖြစ်ပါတယ်။ ဒါ့အပြင် အဖွဲ့ကို ဘဏ္ဍာငွေကြေးထောက်ပံ့သူ ၁၂ ယောက်နဲ့ ဖောက်ခွဲရေးပစ္စည်းဆိုင်ရာ ကျွမ်းကျင်သူ ၁၅ ယောက်ကိုလည်း ဖမ်းလိုက်တာပါ။ ဒီ အယ်လ်-ကိုင်းဒါးအဖွဲ့ခွဲရဲ့ ခေါင်းဆောင်ကတော့ အာဖဂန်နစ္စတန်မှာ ရောက်နေတယ်လို့ Bajwa ကပြောပါတယ်။

တရားမဝင်ကြေညာထားတဲ့ Lashkar e Jhangvi (LeJ) စစ်သွေးကြွအဖွဲ့ရဲ့ အကြီးတန်းခေါင်းဆောင်တွေကိုလည်း လက်လုပ် ဖောက်ခွဲရေးပစ္စည်း (IED) ဆိုင်ရာ ကျွမ်းကျင်သူ ၁၀ ဦး၊ အသေခံဗုံးခွဲသူ ခြောက်ဦးနဲ့အတူ ပါကစ္စတန်က ဖမ်းလိုက်တယ် လို့ ဒုဗိုလ်ချုပ်ကြီး Bajwa ကပြောပါတယ်။

ဒီအဖွဲ့ဟာ ပါကစ္စတန်နိုင်ငံ တဝန်းမှာ တိုက်ခိုက်မှုတွေလုပ်ဖို့ AQIS အဖွဲ့နဲ့အတူ စီစဉ်နေပြီး ပါကစ္စတန် တာလီဘန်တွေဆီကနေ အထောက်အပံ့ရနေတဲ့ အချိတ်အဆက်တခုကိုလည်း ထူထောင်ထားပါတယ်။

တခြားဖမ်းဆီးလိုက်သူတွေထဲမှာ တိုက်ခိုက်မှုတွေလုပ်တဲ့အခါ သုံးလေ့ရှိတဲ့ လူအစုအဖွဲ့ထဲက စစ်သွေးကြွ ၄၇ ယောက် ပါဝင်ပါတယ်။

XS
SM
MD
LG