သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပါကစ္စတန်မှာ ၇.၂ ပြင်းအား ငလျင်လှုပ်

ပါကစ္စတန်မှာ ၇.၂ ပြင်းအား ငလျင်လှုပ်
ပါကစ္စတန်မှာ ၇.၂ ပြင်းအား ငလျင်လှုပ်

ပါကစ္စတန်နိုင်ငံ အနောက်တောင်ပိုင်း ဘလူချီစတန်ပြည်နယ် ဒါဗာဒင်မြို့ အနောက်ဘက် ၃၄ မိုင် အကွာမှာ ပြင်းအား ၇.၂ ရှိတဲ့ ငလျင် လှုပ်သွားတယ်လို့ အမေရိကန် ဘူမိဗေဒ တိုင်းတာရေးဌာနက အတည်ပြုလိုက်ပါတယ်။

ဒေသစံတော်ချိန် ဗုဒ္ဓဟူးနေ့မနက် ၁ နာရီ ၂၃ မိနစ်မှာ မြေအောက် ၅၂ မိုင် အနက်ကို ဗဟိုပြု လှုပ်ခဲ့တာလို့ ဆိုပါတယ်။ အာဖဂန်နစ္စတန် နယ်စပ်နဲ့ အနီးကပ်နေရာမှာ လှုပ်ခဲ့တာလို့ ဆိုပါတယ်။

အဲဒီငလျင်ရဲ့ အရှိန်ဟာ ပါကစ္စတန်နိုင်ငံ ကရာချိမြို့နဲ့ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ အထိတောင် အဖျားခတ်တယ်လို့ သိရပါတယ်။

ဒါဗာဒင်မြို့က အိမ်တွေရဲ့ အမိုးတွေ ပြိုကျပြီး ဒဏ်ရာရတဲ့သူ အတော်များတယ်လို့ ဒေသခံ အရာရှိတွေက ပြောပါတယ်။

ပါကစ္စတန်နယ်စပ်မှာ တပ်စွဲနေတဲ့ အမေရိကန် စစ်သည်တွေကလည်း ငလျင်လှုပ်တာကို ခံစား သိရှိခဲ့ရတယ်လို့ ပင်တဂွန် စစ်ဌာနချုပ်က အတည်ပြုပါတယ်။

၂၀၀၅ ခုနှစ် အောက်တိုဘာလတုန်းကလည်း ၇.၆ ပြင်းအားရှိတဲ့ ငလျင်ကြောင့် ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်းနဲ့ ပါကစ္စတန် အုပ်ချုပ်ခံ ကက်ရှ်မီးယားဒေသမှာ လူ ၇၀,၀၀၀ သေဆုံးခဲ့ပြီး ၃,၀၀၀,၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပါတယ်။

This item is part of
XS
SM
MD
LG