သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အကြမ်းဖက်မှုကြား ပါကစ္စတန် ရွေးကောက်ပွဲ မဲပေးသူများ


ပါကစ္စတန် ရွေးကောက်ပွဲမြင်ကွင်း
ပါကစ္စတန် ရွေးကောက်ပွဲမြင်ကွင်း
ပါကစ္စတန်နိုင်ငံနိုင်ငံမှာ ဒီကနေ့ စနေနေ့ ပါလီမန်လွှတ်တော် ရွေးကောက်ပွဲ ကျင်းပနေပါတယ်။ အဲဒီလို သမိုင်းဝင် ရွေးကောက်ပွဲ ကျင်းပနေချိန်အတွင်း ကရာချိမြို့တော်မှာ ဗုံးပေါက်ကွဲမှု ၂ ခု ဖြစ်ပွားခဲ့ပြီး လူ ၁၀ ယောက်ထက် မနည်း သေဆုံးခဲ့သလို နိုင်ငံရဲ့ အနောက်တောင်ပိုင်း ဘာလူချီစတန်မှာလည်း ပစ်ခတ်မှု ဖြစ်ပွားပြီး လူ ၄ ဦး သေဆုံး သွားပါတယ်။

ပေါက်ကွဲမှုတွေဖြစ်ခဲ့တဲ့နေရာဟာ အဝါမီလိခ် အမျိုးသားပါတီ မဲဆွယ် စည်းရုံးရေးရုံးတရုံးရဲ့ အနီးမှာ ဖြစ်ပွားခဲ့တာပါ။ အဝါမီလိခ် ပါတီဟာ ရွေးကောက်ပွဲ ကိစ္စနဲ့ ဆက်နွယ်ပြီး တာလီဘန်စစ်သွေးကြွတွေ ပစ်မှတ်ထား တိုက်ခိုက်နေတဲ့ ပါတီလည်းဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဧပြီလနှောင်းပိုင်းက စလို့ တာလီဘန်တွေက ရွေးကောက်ပွဲကို စိတ်ဝင်စားမှု နည်းပါးအောင် ရည်ရွယ်ပြီး တိုက်ခိုက်မှုတွေ ပြုလုပ်နေရာ မှာ လူပေါင်း တစ်ရာကျော် သေဆုံးခဲ့ရပြီးဖြစ်ပါတယ်။

ရွေးကောက်ပွဲ ကျင်းပတဲ့နေ့မှာ အသေခံဗုံးခွဲ တိုက်ခိုက်မှုတွေ ပြုလုပ်မယ် ဆိုပြီးတော့လည်း တာလီဘန်တွေက သတိပေးထားခဲ့ပေမယ့် ပါကစ္စတန် နိုင်ငံသားတွေကတော့ ပါလီမန်လွှတ်တော် ရွေးကောက်ပွဲမှာ မဲပေးနေကြပါတယ်။ ဒီရွေးကောက်ပွဲဟာ ပါကစ္စတန်နိုင်ငံသမိုင်းမှာ ပထမဦးဆုံး အရပ်သားအစိုးရတရပ် သက်တမ်းကုန်ဆုံးပြီး နောက်ရွေးကောက်ခံရတဲ့ အရပ်သားအစိုးရ တရပ်ကို အာဏာ လွှဲပြောင်းပေး ဖို့ ပြုလုပ်တဲ့ ရွေးကောက်ပွဲ လည်း ဖြစ်ပါတယ်။

အမတ်နေရာ ၂၇၂ နေရာရှိတဲ့ လွှတ်တော်အတွက် ကျင်းပနေတဲ့ရွေးကောက်ပွဲ မှာ အရင်ဝန်ကြီးချုပ်ဟောင်း နာဝပ်ရှရစ်ဖ် ဦးဆောင်တဲ့ ပါကစ္စတနန် မွတ်ဆလင်အဖွဲ့ချုပ်ပါတီ PML က အမတ်နေရာအများစုရရှိလိမ့်မယ်လို့ အများက မျှော်လင့် ထားကြပါတယ်
XS
SM
MD
LG