သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရေလွှမ်းမိုးမှု ပြဿနာကြောင့် ပါကစ္စတန်ဝန်ကြီးချုပ် ကုလခရီးစဉ်ပျက်


People gather at the scene of a bomb attack in Baquba, northeast of Baghdad, Iraq, May 17, 2013.

ပါကစ္စတန်နိုင်ငံမှာ ကယ်ဆယ်ရေး လုပ်ငန်းတွေကို ကိုင်တွယ်ဖို့အတွက် နယူးယောက်မြို့ မှာကျင်းပမယ့် ကုလသမဂ္ဂ အထွေထွေ ညီလာခံကို တက်ရောက်မယ့် သူ့ရဲ့ နောက်အပတ် ခရီးစဉ်ကို ပါကစ္စတန် ၀န်ကြီးချုပ်က ဖျက်လိုက်ပါတယ်။

ပါကစ္စတန် ၀န်ကြီးချုပ်က ကယ်ဆယ်ရေး လုပ်ငန်းတွေကို ညှိနှိုင်း လုပ်ဆောင်ပေးမှာ ဖြစ်ပြီး စနေနေ့မှာ ရေဘေးသင့်ဒေသကို စပြီးသွားရောက်မှာ ဖြစ်တယ်လို့ ၀န်ကြီးချုပ် ယူစွက် ရာဇာ ဂီလာနီ (Yousuf Raza Gilani) ရဲ့ ရုံးက ပြောပါတယ်။

သူ့အစား နိုင်ငံခြားရေး ၀န်ကြီး ဟီနာ ရက်ဘာနီ ခါးရ် (Hina Rabbani Khar) က ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ မိန့်ခွန်းပြောကြားမှာပါ။

မုတ်သုန် မိုးဟာ ပါကစ္စတန် တောင်ပိုင်းက ဆင်းပြည်နယ် အများစုကို ရေလွှမ်းခဲ့တာပါ။ လူ ၂၃၀ ကျော် သေဆုံးခဲ့ပြီး ၃ သိန်းကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ကြရပါတယ်။

ရေဘေး ဒုက္ခသည်တွေကို လျစ်လျူပြုခဲ့တယ်လို့ မနှစ်တုန်းကတော့ ပါကစ္စတန် ခေါင်းဆောင်တွေ အဝေဖန်ခံခဲ့ရတာပါ။ အဲဒီတုန်းက လူပေါင်း ၁,၇၀၀ ကျော် သေဆုံးခဲ့ပြီး တိုင်းပြည်ရဲ့ ၅ ပုံ ၁ ပုံ ရေလွှမ်းခဲ့ရပါတယ်။ အဲဒီအချိန်မှာပဲ သမ္မတ အဆစ်ဖ် အလီ ဇာဒါရီ (Asif Ali Zardari) ဟာ ဗြိတိန် နဲ့ ပြင်သစ်ကို ခရီးထွက်နေခဲ့တာ ဖြစ်ပါတယ်။

သြဂုတ်လမှာစခဲ့တဲ့ ဒီနှစ်ရေလွှမ်းမိုးမှုမှာ အိမ် ၁ သန်းကျော် ပျက်စီးခဲ့ပြီး မြေ ဟက်တာ ဧက ၂ သန်း ရေလွှမ်းခံခဲ့ရပါတယ်။ တတိုင်းပြည်လုံးမှာ လူ ငါးသန်းကျော် ဒုက္ခကြုံနေကြရတာပါ။

ဝန်ကြီးချုပ် ဂီလာနီက နိုင်ငံတကာ အသိုက်အ၀န်းကို အကူအညီပေးဖို့ မေတ္တာရပ်ခံလိုက်ပြီးတဲ့နောက် ပါကစ္စတန်ကို အကူအညီတွေ မြန်မြန်ပို့ပေးနေပါတယ်လို့ ကုလသမဂ္ဂ စားနပ်ရိက္ခာ အစီအစဉ်က ပြောပါတယ်။

XS
SM
MD
LG