သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပါကစ္စတန် ရေဘေးဒုက္ခ အရေးပေါ် အကူအညီ ဒေါ်လာသန်း ၄၆၀ ကုလ မေတ္တာရပ်ခံ

ပါကစ္စတန်နိုင်ငံမှာ ရေလွှမ်းမိုးမှုကြောင့် တော်တော်ကြီးမားတဲ့ အပျက်အစီးတွေ ကြုံတွေ့နေရတာကို အရေးယူ ဆောင်ရွက်နိုင်အောင် အရေးပေါ် အကူအညီ ဒေါ်လာ သန်းပေါင်း ၄၆၀ နီးနီး ကူညီဖို့ ကုလသမဂ္ဂက မေတ္တာရပ်ခံလိုက်ပါတယ်။

ဖြစ်ပေါ်နေတဲ့ အကျပ်အတည်းကို စစ်သွေးကြွတွေက အခွင့်ကောင်းယူနိုင်တယ် ဆိုတဲ့ စိုးရိမ် ကြောက်ရွံ့မှုတွေလည်း ဖြစ်ပေါ်နေကြတဲ့ အချိန်မှာ အခုလို မေတ္တာရပ်ခံလိုက်တာ ဖြစ်ပါတယ်။

ပါကစ္စတန် အနောက်မြောက်ပိုင်းမှာ ရေလွှမ်းမိုးမှု စတင်ဖြစ်ခဲ့တာပါ။ ဒီဒေသမှာ ပါကစ္စတန် တာလီဘန်တွေနဲ့ တခြား စစ်သွေးကြွ အုပ်စုတွေကို ပြီးခဲ့တဲ့ ၂ နှစ်မှာ ပါကစ္စတန်စစ်တပ်က ထိုးစစ် တော်တော်များများကို ဆင်နွှဲခဲ့ပါတယ်။

ခုထိတော့ ရေလွှမ်းမိုးမှုကြောင့် လူပေါင်း ၁,၆၀၀ ကျော် သေဆုံးခဲ့ပြီး ခိုင်ဘာ ပတ်တွန်ခွာ (Khyber-Pakhtunkhwa)၊ ပန်ဂျပ်နဲ့ ဆင်းဒ်ပြည်နယ်တွေမှာ လူပေါင်း ၁၄,၀၀၀,၀၀၀ ရေဘေးသင့်ခဲ့ကြပါတယ်။

တောင်ပိုင်းမှာ မိုးပိုပြီး ကြီးလာနိုင်တယ်လို့ မိုးလေဝသက ခန့်မှန်းထားတဲ့အတိုင်း အဲဒီဒေသတွေမှာ ရေလွှမ်းမိုးတာက ပိုဆိုးလာလိမ့်မယ်လို့ မျှော်လင့်ထားကြပါတယ်။

လူ ၆,၀၀၀,၀၀၀ ကနေ ၇,၀၀၀,၀၀၀ အထိကို နေရေး၊ စားရေးနဲ့ သောက်ရေအတွက် ပါကစ္စတန် အစိုးရက ထောက်ပံ့ရာမှာ ပံ့ပိုးပေးကြဖို့အတွက် အကူအညီတွေကို ကုလသမဂ္ဂနဲ့ တခြားအဖွဲ့တွေက အသုံးပြုကြပါလိမ့်မယ်လို့ ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားရေးရုံး အကြီးအကဲ ဂျွန် ဟုမ်းစ် (John Holmes) က ဗုဒ္ဓဟူးနေ့က ပြောပါတယ်။

ရေဘေးဒုက္ခသည်တွေကြားမှာ ဝမ်းပျက် ဝမ်းယောင်ရောဂါနဲ့ ဝမ်းလျှောတဲ့ ရောဂါတွေ တော်တော် မြင့်မြင့်မားမား ဖြစ်ပွားနေတယ်လို့ ကုလသမဂ္ဂ ကျန်းမာရေး လုပ်သားတွေက ပြောတဲ့အကြောင်း ပါကစ္စတန်နိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားရေးရုံး ညှိနှိုင်းဆောင်ရွက်ရေးမှူး မာတင် မော့ဂ်ဝန်ဂျာ (Martin Mogwanja) က ပြောပါတယ်။

This item is part of
XS
SM
MD
LG