သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပါကစ္စတန် ရေဘေးဒုက္ခသည် တသန်း အရေးပေါ် အကူအညီ လိုအပ်

ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်းမှာ ကြုံခဲ့ရတဲ့ အဆိုးဝါးဆုံး ရေဘေးဒဏ်ကြောင့် လူပေါင်း ၁,၀၀၀,၀၀၀ လောက် အရေးပေါ် အကူအညီတွေ လိုအပ်နေတယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။

အကူအညီ လိုအပ်နေသူတွေဆီ ကယ်ဆယ်ရေး ပစ္စည်းတွေ ပို့နိုင်ဖို့အတွက် အဓိက အတားအဆီး ဖြစ်နေတာက ဒီဒေသကို မသွားနိုင်တဲ့ အခြေအနေတွေကြောင့်လို့ ကုလသမဂ္ဂက တနင်္လာနေ့မှာ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ရေကြီးတဲ့ဒဏ်ကြောင့် ဒေသတလွှားမှာ အိမ်တွေ၊ လမ်းတွေ၊ တံတားတွေ ပျက်စီးပြီး ဆက်သွယ်ရေးလည်း ပြတ်တောက်နေပါတယ်။ အခုအချိန်ထိ ရေဘေးဒဏ်ကြောင့် သေဆုံးရသူဟာ ၁,၂၀၀ ကျော်သွားပြီ ဖြစ်ပါတယ်။

သောက်သုံးရေသန့် မရတာနဲ့ ဆက်နွယ်ပြီး ဖြစ်ပွားတတ်တဲ့ ဝမ်းပျက်၊ ဝမ်းလျှော ရောဂါလိုမျိုး ရောဂါတွေ ဖြစ်ပွားလာမှာကိုလည်း စိုးရိမ်နေကြပါတယ်။

တကယ်လို့ လာမယ့် ရက်ပိုင်းတွေအတွင်း မိုးပိုပြီး သည်းထန်စွာ ဆက်ရွာခဲ့ရင် သေဆုံးသူဦးရေဟာ အခုထက်ပိုပြီး တိုးလာမယ်လို့လည်း မျှော်လင့်ရပါတယ်။

ကုလသမဂ္ဂကတော့ ကယ်ဆယ်ရေးအတွက် အမေရိကန်ဒေါ်လာ ၁၀,၀၀၀,၀၀၀ ဖယ်ထားပြီး ပါကစ္စတန် အာဏာပိုင်တွေကို အပြည့်အ၀ အကူအညီပေးမယ်လို့ ပြောကြားခဲ့ပါတယ်။

အမေရိကန် ရဟတ်ယာဉ်တွေက ရေဘေးဒုက္ခသည် ၇၀၀ ကို ကယ်ဆယ်နိုင်ခဲ့ပြီး ရိက္ခာတန်ချိန် သောင်းနဲ့ချီပြီး ပို့ပေးနိုင်ခဲ့တယ်လို့ အစ္စလမ္မာဘတ်မှာရှိတဲ့ အမေရိကန်သံရုံးက ပြောပါတယ်။

This item is part of
XS
SM
MD
LG