သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရေဘေးဒုက္ခသင့် ပါကစ္စတန်မှာ ရေကြီးမှု သတိပေးချက်အသစ် ထုတ်ပြန်

ပါကစ္စတန်နိုင်ငံမှာ မုတ်သုန်မိုး ဆက်ပြီး သည်းသည်းမည်းမည်း ရွာသွန်းနေတာမို့ နောက်ထပ် ရေပိုကြီးမယ့် အန္တရာယ် ရှိနေကြောင်း ပါကစ္စတန် အာဏာပိုင်တွေက သတိပေး ကြေညာချက်တရပ် ထုတ်ပြန်ခဲ့ပါတယ်။

နှစ်ပေါင်း ၈၀ ကျော်အတွင်း အဆိုးဝါးဆုံး ရေကြီးမှုဒဏ်ကို ခံခဲ့ရတဲ့ ပါကစ္စတန်နိုင်ငံမှာ အခုထိ လူပေါင်း ၁,၅၀၀ ထက်မနည်း သေဆုံးခဲ့ရပြီး ဖြစ်ပါတယ်။

ပါကစ္စတန် အနောက်မြောက်ပိုင်း ရေလွှမ်းခံရတဲ့ဒေသ တခုတည်းမှာတင် လူပေါင်း ၃,၂၀၀,၀၀၀ လောက် ရေဘေးဒုက္ခကို ခံစားနေရတယ်လို့ ကုလသမဂ္ဂက ခန့်မှန်းပါတယ်။ ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေ အဖွဲ့ကတော့ ဒီဒေသအတွင်း သောက်ရေသန့်နဲ့ စားနပ်ရိက္ခာ အထူးလိုအပ်နေတယ်လို့ ပြောပါတယ်။

WFP ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ်ကတော့ ပါကစ္စတန်နိုင်ငံသား ၂,၀၀၀,၀၀၀ နီးပါးအတွက် စားနပ်ရိက္ခာ အကူအညီ လိုနေပြီလို့ ဆိုပါတယ်။

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အဖွဲ့ကတော့ ရေဘေးဒဏ် ခံရတဲ့ ဒေသတွေအတွက် ရွက်ထည်တဲပေါင်း ၁၀,၀၀၀ နဲ့ တခြား အထောက်အကူ ပစ္စည်းတွေ ပို့ပေးခဲ့ပြီး သန်းနဲ့ချီတဲ့ အိုးမဲ့အိမ်မဲ့ ဖြစ်သွားသူတွေအတွက် အမိုးအကာရစေဖို့ ဆက်ပြီး အကူအညီ ပေးမယ်လို့ ပြောပါတယ်။

This item is part of
XS
SM
MD
LG